chapter-6

6.9K 746 118
                                    

ကျွန်တော်နဲ့ Jimin က အလယ်တန်းပထမနှစ်
လောက်ကတည်းကအတူပေါင်းလာခဲ့ကြတဲ့
ငယ်သူငယ်ချင်းတွေပင်...
Jimin ကအဲ့တုန်းကဆို
မရယ်မပြုံးခပ်တည်တည်နဲ့
နေတတ်ပြီး အရမ်းလည်းဆရာကြီးလုပ်လို့
ပေါင်း​တဲ့လူသိပ်မရှိဘူးကျွန်တော်ကလွဲရင်ပေါ့

ဒီလိုနဲ့ပဲ Jimin နဲ့ကျွန်တော်က
အမြဲတမ်းနှစ်ယောက်ထဲတပူးပူးတတွဲတွဲ
ဖြစ်ခဲ့ကြတာအခုထိအောင်ပေါ့
ကျွန်တော့်မိဘတွေက Jimin နဲ့
ပေါင်းတာကိုမကြိုက်ကြသလို
Jimin ကိုလည်းသဘောမကျ​ကြဘူး
ဒါကြောင့် ကျွန်တော့်မှာ Jimin နဲ့
ပေါင်းနေတာကို ရီးစားခိုးထားနေရသလို
အိမ်ကမသိအောင်ဖုံးဖိထားရတာ
အရိုးသားဆုံးဝန်ခံရရင်
ကျွန်တော်ကိုယ်တိုင်ကလည်း
Jimin ကိုမခေါ်ရရင်
မနေနိုင်တာလည်းပါတာပေါ့

ကျွန်တော်နဲ့ Jimin ကြားက
Just Friend ဆိုတဲ့စာလုံးလေး
ပေါ်ပေါက်လာရတဲ့အကြောင်းအရင်းကတော့
Jimin ရဲ့အချစ်ဦး Choi Sora ကြောင့်ပါပဲ
Jimin နဲ့ Choi Sora က အထက်တန်းကျောင်းသား
ဘဝဒုတိယနှစ်ကတည်းကတွဲခဲ့ကြတဲ့ငယ်ချစ်ဦးတွေပေါ့ဗျာ

ကျွန်တော့်ကို Jiminက
ငါနဲ့Sora တွဲနေကြပြီလို့လာပြောတဲ့
အချိန်တုန်းကဆို ရင်ထဲမှာတဆစ်ဆစ်နဲ့နာကျင်ခဲ့ရတာ
ဘာကြောင့်မှန်းမသိ ကျွန်တော် Choi Sora ကိုလုံးဝကြည့််မရခဲ့ဘူး...အဲ့တာက သူငယ်ချင်းနှစ်ယောက်ကြားထဲမှာ
တတိယလူရှိလာရင် ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့
မနာလိုစိတ်ပဲဖြစ်မှာပါ

အထက်တန်းနောက်ဆုံးနှစ်စာမေးပွဲပြီးတဲ့နေ့
မှတ်မှတ်ရရ အဲ့ဒီ​နေ့က Jimin
အဝါရောင်ဆွယ်တာလေးကိုဝတ်ထားခဲ့တာ
သူကျွန်တော့်စီကိုဖုန်းဆက်ပြီးပြောတယ်
Sora သူ့ကိုထားသွားပြီတဲ့လေ
လွဲမှားခြင်းတွေကအဲ့နေ့ကစတင်ခဲ့တာအခုထိပါပဲ
Jimin အရက်သောက်နေတဲ့
ဘားကိုကျွန်တော်လိုက်သွားတော့
Jiminကလူမှန်းသူမှန်း
မသိအောင်ကို မူးနေလေပြီ....

အဲ့ဒီမှာ Jimin ကကျွန်တော်ကို
Sora ဆိုပြီးတကြော်ကြော်အော်ပြီး
လူမှားနမ်းရာကနေ Just Friend
ဆိုတာကြီးက ဖြစ်တည်လာတော့တာပါပဲ
မှားတာကလည်း အလုံးနဲ့အပြားမှားတော့
အမှားကောင်းပြီးခံရတာသူက park jimin

 ᴊᴜꜱᴛ ꜰʀɪᴇɴᴅꜱ "𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞"Where stories live. Discover now