chaper-23.2

4.8K 601 68
                                    

ကျွီခနဲထိုးရပ်သွားသောကားပေါ်ကနေ
Jungkook ကတော့အေးအေးလူလူဆင်းသွား
နိုင်ပေမယ့် ကားမှန်ကနေတစ်ဆင့်
အိမ်ကြီးကိုလှမ်းကြည့်ရုံနဲ့တင်ချိတုံချတုံ
ဖြစ်နေရသူက Jimin သာ

ဝန်ခံပါတယ်အစကတော့ဒင်းကိုယုံလို့
လိုက်လာတာ အခုတော့ယုံမိတာမှား
ပြီလားလို့တွေးမိလို့ ဆိုလ်းကိုပြန်ပြေးချင်နေ
မိတဲ့ခြေထောက်တွေကအငြိမ်မနေပေ

" prince ဆင်းလေ "

ကားတံခါးကို ဖွင့်ပေးပြီးပြောတယ်
တကယ်ပါပဲ ကြောက်ပါတယ်ဆို

" Jungkook ka "

" ကဲလာပါဆိုနေကွာ..မောင်တစ်ယောက်လုံးရှိပါတယ်
လက်ဝှေ့ချန်ပီယံကြီးရဲ့ အကောင်ကြီးကြီးဗလအကြီးကြီး
နဲ့လူတွေကိုကျ by one ချရဲပြီး မောင့်အမေကို
ကြောက်နေတာကြီးကမဟုတ်သေးဘူးလေနော် "

ကားပေါ်ကနေအတင်းဆွဲချရင်း
ပြောနေသော Jungkook ကိုစိတ်ရှိလက်ရှိ
ခေါင်းမွှေးပြောင်အောင်ဆောင့်ဆွဲလိုက်ရမလား
ဟိုဟာကပြိုင်ပွဲ ဒါကလက်တွေ့လေ ပြီးတော့
သူ့အမေနဲ့ ကြိုးဝိုင်းထဲက ကောင်တွေနဲ့
တူတာကျနေ ဗရမ်းဗဒါ အရူးကောင်

" စူပုပ်မနေပါနဲ့ prince ရယ် "

ပုခုံးလေးအား ပိုင်စိုးပိုင်နက်ဖြင့်
လာဖက်နေသော နှစ်ချို့နှာဘူးကြီးအား
ဘုကြည့်ကြည့်ပြီးခြေထောက်ကို
တက်နင်းပေးလိုက်တယ်

" အား...နာတယ် prince ရဲ့ "

" နာအောင်လုပ်တာလေ အခုထိမင်းကိုငါ
လက်မခံရသေးဘူး သမီးရည်းစားကိုပြုမူသလို
တွေလာမလုပ်နဲ့မကြိုက်ဘူး "

ဂျိုပေးနေတဲ့နဂါးလေးကို
ကြောက်ကြောက်ဖြင့်သာမအီမလည်
ခေါင်းညိမ့်ပြရသော Jungkook

" သိပါပြီ..မောင်မေ့သွားလို့ပါ အဲ့ဆိုမဖက်တော့ဘူး
လက်ကလေးတော့ကိုင်မယ်လေနော် "

ခွင့်တောင်းတာထက်အသိပေးရာပိုရောက်သည်
လက်မြန်ခြေမြန်နဲ့ ကိုယ်တော်က
ဟိုကခေါင်းပင်မညိမ့်ပြရသေး
လက်ကအရင်ကိုင်ထားပြီးနေပြီမို့
Jimin မှာဘာမှကိုစောဒကမတက်နိုင်တော့ပဲ
ကိုဇွတ်တိုးကြီးဆွဲခေါ်ရာနောက်သို့
ယက်ကန်ယက်ကန်နဲ့ပါသွားလေသည်။

 ᴊᴜꜱᴛ ꜰʀɪᴇɴᴅꜱ "𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞"Where stories live. Discover now