chapter-8

5.8K 634 80
                                    

" အား..ကျွတ်..ကျွတ် "

အဆိုပါအသံသည်
Park Jimin စီမှာ
အကိုက်ခံလိုက်ရသော Jeon Jungkook
တစ်ယောက် အကိုက်ခံလိုက်ရသော နေရာကို
လက်ဖြင့်အုပ်ထားရင်း မချိမဆန့်ငြီးတွားနေသော
အသံသာဖြစ်သည်....

အမေမွေးပေးတုန်းကအကောင်း
ထိုငပုကြောင့် သူ့မှာ
လူဖြစ်ရှုံးဖို့ လက်တစ်ကမ်းစာသာ
လိုတော့သည် တော်သေးတာပေါ့
Taehyung နဲ့ Hoseok
ဝိုင်းဆွဲလို့..မဟုတ်လို့ကတော့

Tae / Jungkook မင်းအဆင်ရောပြေရဲ့လား??
မပြေရင်လည်း ပြန်နားလိုက်ပါလား

Taehyung ကသူ့အနားရောက်လာပြီး
စေတနာနဲ့ပြောပါတယ်...
မေဂျာပေါင်းစုံအားကစားပြိုင်ပွဲက
သိပ်မလိုတော့တာမို့
ထရိန်နင်မဆင်းဘဲပြန်ရင်
နည်းပြကတီးအုန်းမည်

" နေပါစေကွာ...ငါအဆင်ပြေပါတယ် "

Tae / သေချာရဲ့လားကွာ...
မင်းပုံစံက မွေးလူနာသည်ကြီးလိုပဲ

" ချီးကိုမွေးလူနာလား...
ငါစောက်ခွက်ဆွဲထိုးရမကောင်းရှိအုန်းမယ်
ရတယ်ဆိုရတယ်ပေါ့
နေရာတကာလျှာကိုရှည်တယ် ဖယ်...."

မဲစရာမရှိတဲ့အဆုံး
သူ့ရှေ့မှာ လာပြီး
မိချောင်းဇာတ်တော်ရေးဖွဲ့
နေသော Kim taehyung
ကိုသာမဲပြီးတွန်းဖယ်ကာ
ကွင်းထဲပတ်ပြေးနေလိုက်သည်

~~~Park Jimin ကိုသတ်ချင်တယ်~~~

Tae / ကျွတ်..ကျွတ်...ဒီကောင့်အတွက်
ဇာတ်လမ်းတစ်ပုဒ်ရေးပေးရမယ်
"အချစ်ကြောင့်နှာခေါင်းပြတ်ခဲ့သည်" တို့ဘာတို့

ကွင်းထဲပြေးနေသော
Jungkook ကိုကြည့်ရင်းစုတ်သပ်ကာ
ပြောနေသော Taehyung
ဟိုကကြားလိုလာလုပ်ရင် အာကွဲအောင်
အော်ပြီး ပတ်ပြေးနေရမှာကသူပင်

" ဟေး...မိုင်ဘရဲသား "

E-Skill အဆန်းတွေနဲ့
သူ့ပုခုံးကိုလာဖက်သောသူအား
လှည့်ကြည့်စရာပင်မလိုဘယ်သူဆိုတာ
မိမိကဒက်ခနဲပင်သိပြီးသား
မျက်လုံးကိုတစ်ချက်လှန်ကြည့်လိုက်ပြီးမှ
ပုခုံးပေါ်ကလက်ကိုဖယ်ချလိုက်ကာ

Tae / Sambe ကဘောလုံးကွင်းကိုဘာလာလုပ်တာလဲ

NJ / ငါလည်းဘောလုံးကန်မှာလေ

 ᴊᴜꜱᴛ ꜰʀɪᴇɴᴅꜱ "𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞"Where stories live. Discover now