chaper - 23.1

4.3K 564 18
                                    

တိတ်ဆိတ်နေခဲ့သောဧည့်ခန်းကျယ်ထဲတွင်
မျက်နှာချင်းဆိုင်ကာ ထိုင်နေခဲ့ကြသော
Jimin ရယ် Choi Sora ရယ်
Danial တို့၃ယောက်
ဟာအတန်ကြာသည်အထိ
ဘာစကားမှမပြောခဲ့ကြပါ

"ဟာ..ခင်...ခင်များဘာလုပ်တာလဲ "

Jimin အလန့်တကြားနဲ့ထအော်ရတဲ့
အကြောင်းအရင်းကတော့
သူ့ရှေ့မှာဒူးထောက်လာတဲ့
Danialကြောင့်သာ

" ခင်များဗျာ..လူမြင်မသင့်အောင်
ထပါဗျာ ခင်များကကျွန်တော့်ထက်
အသက်အများကြီးကြီးပါတယ်
အဲ့လိုမလုပ်ပါနဲ့ "

Jimin သည်ကြမ်းပြင်ပေါ်က
Danial ကို ထပြီး ထူပေးပေမယ့်
လုံးဝမထသော Danial ကြောင့်
ပိုပြီးစိတ်အိုက်လာရသည်

Danial / ကျွန်တော်မှားတာပါ Jimin ssi
ကျွန်တော်က လူရမ်းကားတစ်ယောက်ပါ
ကျေးဇူးရှင်ကိုပြစ်မှားမိတဲ့
လူမိုက်တစ်ယောက်ပါ

" ခင်များ အပြစ်ချည်းပဲမဟုတ်ပါဘူး
ထပါဗျာ ဒီလိုမလုပ်ပါနဲ့ "

Danial / ကျွန်တော့်ကိုခင်များ
စိတ်ကျေနပ်တဲ့အထိရိုက်ပါပြန်ရိုက်ပါ
ကျွန်တော်ခင်များထိုးထိုးရိုက်ရိုက်ခံယူပါ့မယ်

အော်မရိုက်ချင်မထိုးချင်ပါဘူးဆို
သူကဇွတ် စိတ်ပေါက်ပေါက်နဲ့
ရှေ့ကပန်းအိုးကြီးနဲ့ကောက်ထုမိတော့
မိတော့မယ် ဒီမိချောင်းမသား

" ဟူး..ကျွန်တော်ခင်များကိုစိတ်မဆိုးပါဘူးဗျာ
အခုတော့ထလိုက်ပါ "

မနည်းချော့မော့ပြီး
ထခိုင်းတော့မှ မျက်နှာဇီးရွက်နဲ့
ထပြီး ဆိုဖာမှာပြန်ထိုင်လေသည်။

Danial / ကျွန်တော် Sora တို့
သားအမိကိုပြန်ခေါ်သွားပါရစေ
ဒီတောအတွင်း သေချာစောင့်ရှောက်ပေးခဲ့တဲ့
Jimin ssi ရဲ့ကျေးဇူးတွေကို
ကျွန်တော်တကယ်မမေ့ပါဘူး

Danial ရဲ့စကားကြောင့်
Jimin သည်ဘေးက Sora မျက်နှာကို
တစ်ချက်စောင်းငဲ့ကြည့်တော့
အောက်နှုတ်ခမ်းကိုကိုက်
ထားရင်း မျက်နှာလွှဲထားသည်
ကြည့်ရတာ Danialကို
စိတ်နာနေတယ်ထင်ပါရဲ့

" sora သဘောကရော "

Sora / သူမလိုအပ်လို့စွန့်ပစ်ချင်သလို
စွန့်ပစ်ခဲ့ပြီး အခုမှပန်းနုသွေးပြနေလည်း
ကျွန်မသဘောကပြောင်းလဲမှာမဟုတ်ဘူး
Min ကျွန်မသူနဲ့ပြန်မလိုက်နိုင်ဘူး

 ᴊᴜꜱᴛ ꜰʀɪᴇɴᴅꜱ "𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞"Where stories live. Discover now