👉14👈

696 45 0
                                    

Unicode

"ကိုရှိုင်း ဆေးရုံသွားတော့မလို့လား"

လှေကားပေါ်မှဆင်းလာသောရှိုင်းကိုပိုးမှမေးလိုက်လေသည်။

"အင်း ဒီနေ့ဂျူတီရှိတယ်လေ"

ဒယ်ဒီတို့အိမ်တွင်မနေ့ပဲရှိုင်းအိမ်ကိုသာလာနေသောအတွဲအားမောင်းထုတ်လည်းမရပေ။

"မနက်စာညီမတို့နဲ့တစ်ခါတည်းဝင်စားလိုက်လေ။ကိုရှိုင်းကိုကျွေးချင်လွန်းလို့ညီမကိုယ်တိုင်လုပ်ပေးထားတာနော်"

"အကို ညီခလေးလည်းသွားကြည့်ရအုန်းမှာ"

"လာပါကိုကိုရယ် အစောကြီးရှိပါသေးတယ်"

မင်းလွန်းကပါခေါ်နေသောကြောင့်ရှိုင်းမနက်စာစားပြီးမှသာနောင်ခအိမ်သို့ထွက်ခဲ့လေသည်။

♥♥♥♥♥♥♥♥♥♥♥

<တီတောင်....>

နောင်ခဆေးရုံသွားရန်ပြင်နေစဉ်အခန်းရှေ့မှဘဲလ်တီးသံကြောင့်အလျင်အမြန်ထွက်ခဲ့ရသည်။နောင်ခစီကိုလာလည်သူမရှိသောကြောင့်မည်သူနည်းဟုစဉ်းစားရကျပ်နေလေသည်။

တံခါးဖွင့်လိုက်ချိန်တွင်ပါးချိုင့်လေးများပေါ်အောင်ပြုံးပြနေသောရှိုင်းကိုတွေ့လိုက်ရသည်။

"ဘာလာလုပ်တာလဲ"

နောင်ခအမေးကိုပြန်မဖြေပဲအခန်းထဲအတင်းတိုးဝင်နေသောရှိုင်းကိုဂျိုးကြည့်ကြည့်ပေးလိုက်သည်။

"မင်း ဆေးရုံမသွားဘူးလား"

ဧည့်ခန်းဆိုဖာပေါ်တွင်အကျအနနေရာယူထားသောရှိုင်းကိုနောင်ခထပ်မေးလိုက်သည်။

"ကိုယ်သွားမလို့ညီခလေးကိုလာကြည့်တာ"

ပြောရင်းနှင့်မတ်တပ်ရပ်နေသောနောင်ခနားလာကာနဖူးကိုစမ်းကြည့်လေသည်။

"ကောင်းသွားပြီး ငါအခုဆေးရုံသွားမလို့"

မနေ့ကပိုးရဲ့အမေးနှင့်အတူရှိုင်းနှင့်တွေ့လျှင်တစ်မျိုးဖြစ်နေတတ်သောနှလုံးသားကြောင့်နွေထွေးသောလက်တို့နဖူးပေါ်မရောက်ခင်ရှောင်ဖယ်ကာမနက်စာစားရန်ပေါင်မုန့်ယိုသုတ်လုပ်လိုက်သည်။

ကုစားချစ် [Completed]Where stories live. Discover now