Extra 1

890 48 7
                                    

Unicode

ရှိုင်းနှင့်ညီခလေးတို့ချစ်သူဖြစ်ပြီးနောက်နေ့တွင်ညီခလေးမှာအပြင်းဖျားတော့သည်။ရှိုင်းအိမ်သို့ခေါ်သည်ကိုမလိုက်သောညီခလေးကြောင့်ရှိုင်းသာညီခလေးစီလာနေရသည်။

"ချစ်ဆုံးသူငယ်ချင်းလေး ဘာစားချင်လဲ ငါ့ကိုပြောနော် အားမနာနဲ့သိလား.."

ပိုးကိုစိတ်ဆိုးနေသောညီခလေးအားပိုးမှလာချော့နေရခြင်းဖြစ်သည်။

ပိုးစကားအကြားတွင်ညီခလေးကတစ်ဖက်လှည့်သွားသောကြောင့်ပိုးကရှိုင်းအားစစ်ကူတောင်းသလိုု့ကြည့်လာ၏။သို့သော်ရှိုင်းမမြင်ချင်ယောင်သာဆောင်နေလိုက်သည်။

ရှိုင်း၊ညီခလေးကိုပိုင်ဆိုင်ရအောင်လုပ်ပေးသော်လည်းကိုယ့်ကလေးငယ်ကိုဖျားစေသောအဓိကတရားခံဖြစ်သောကြောင့်အမြင်တော့မကြည်လှပေ။

"ကိုညီကလည်းနင်ကငါ့ကိုစကားမပြောတော့ငါဘယ်နေတတ်ပမလဲဟ "

ဝမ်းနည်းသံလေးဖြင့်မျက်လွှာလေးချကာပြောနေသောပိုးကိုညီခလေးသည်လှည့်ကြည့်လာ၏။

"တော်ပြီး နင့်ရုပ်ကြီးမှအားမနာလာငိုမနေနဲ့"

"နင်စိတ်ဆိုးမပြေမချင်းငိုမှာပဲ"

"မဆိုးတော့ပါဘူး နင်ရုပ်ကြီးမကြည့်နိုင်လို့"

နောင်ခရဲ့စကားကိုကြားမှပိုးကပျော်သွားလေသည်။

"တကယ်နော် အဲဒါကြောင့်ငါ့သူငယ်ချင်းလေးကိုချစ်နေရတာ"

ပိုးစကားကိုရှိုင်းကမျက်မှောင်ကုတ်ကြည့်တော့မင်းလွန်းကပိုးကိုဆွဲရငး်ပြောလေသည်။

"ပိုး ကိုကိုတို့ပြန်ကြရအောင်"

"ကိုကိုကလည်းကိုညီမှနေမကောင်းတာ ညနေ့မှပြန်ကြမယ်လေ"

"ကိုညီကိုစောင့်ရှောက်မဲ့သူရှိပါတယ်ပြန်ကြမယ်နော်"

ထိုအခါမှပိုးကအထာပေါက်သလိုညီခလေးနှင့်ရှိုင်းအားနှုတ်ဆက်ကာထွက်သွားလေသည်။

"ကိုညီ ငါသွားပြီးနော် ကိုရှိုင်း ညီမသွားပြီး"

ပိုးကညီခလေးကိုရောရှိုင်းကိုပါနှုတ်ဆက်ရင်းအမြန်ထွက်သွားလေသည်။ပိုးတို့ကိုညီခလေးကမအူမလည်လေးကြည့်၍ကျန်ခဲ့သည်။

ကုစားချစ် [Completed]Donde viven las historias. Descúbrelo ahora