👉13👈 (2027)

714 49 0
                                    

Unicode

အေးမြသောမနက်ခင်းတစ်ခုတွင်ကောင်လေးတစ်ယောက်မှာစောင်ပုံထဲတွင်အိပ်ပျော်နေသည်။ထိုကောင်လေးရဲ့ဘေးတွင်တော့ကောင်လေးတစ်ယောက်ရှိနေလေသည်။ထိုကောင်လေးသည်အိပ်ပျော်နေသောကောင်လေးကိုကြည့်ကာပြုံးရွှင်နေလေသည်။

ထိုနှစ်ယောက်မှာအခြားမဟုတ်ရှိုင်းနှင့်နောင်ခသာဖြစ်လေသည်။နောင်ခသည်အိပ်ပျော်နေ၍ရှိုင်းကကြည့်နေခြင်းဖြစ်သည်။

လူးလိမ့်လာသောနောင်ခကြောင့်ရှိုင်းဘေးရှိဆိုဖာပေါ်သို့အမြန်သွားကာစာအုပ်တစ်အုပ်ကိုကောက်ဖတ်နေလိုက်သည်။

နောင်ခကြိမ်းစပ်နေသောမျက်လုံးတို့အားဖွင့်လိုက်စဉ်မသိသောအခန်းထဲသို့ရောက်နေသောကြောင့်လန့်သွားကာထထိုင်လိုက်လေသည်။

"ညီခလေး ဘာဖြစ်လို့လဲ"

ဘေးသို့ရောက်လာကာမေးနေသောရှိုင်းကြောင့်မနေ့ကမှတ်ဉာဏ်များအားပြန်လည်ခေါ်ဆောင်လိုက်ရသည်။

'နောင်ခ မင်းရူးသွားပြီးလား။ဘာလို့ရှိုင်းရင်ခွင်ထဲမှာငိုရတာလဲ'

နောင်ခမနေ့ကအကြောင်းများအားပြန်လည်သတိရစဉ်ရှက်စိတ်ကြောင့်မျက်နှာလေးမှာရဲသွားရသည်။

"ညီခလေး အဖျားမပျောက်သေးဘူးလား"

ပြောပြောဆိုဆိုဖြင့်နှဖူးပေါ်လက်နှင့်စမ်းနေသောရှိုင်းကြောင့်မျက်နှာတစ်ခုလုံးခရမ်းချဉ်သီးတစ်လးုံပမာဖြစ်နေတော့သည်။

"အဖျားလည်းမရှိတော့ပါဘူး"

တွေးဆဆဖြင့်ပြောနေသောရှိုင်းကိုနောင်ခငြင်းရလေသည်။

"ဘာ..ဘာ..မှမဖြစ်ဘူး"

စကားတွေပါထစ်နေသောနောင်ခကိုကြည့်ကာကိုက်ဆွဲချင်နေသူမှာရှိုင်းသာဖြစ်သည်။ရင်ဘက်ထဲမှအကောင်ငယ်ရဲ့တဒုန်းဒုန်းခုန်ပေါက်နေမှုကလည်းအပြင်သို့ထွက်မတတ်ပင်ဖြစ်သည်။

"ငါ ဘယ်ရောက်နေတာလဲ"

"ကိုယ့်အိမ်ရောက်နေတာလေ"

နောင်ခရဲ့အမေးအားနောင်ခလက်ကိုင်ကာပြောနေသောရှိုင်းကြောင့်နှလုံးခုန်သံတွေပင်မြန်လာခဲ့သည်။

ကုစားချစ် [Completed]Where stories live. Discover now