episode -2

965 81 0
                                    

ကော်ဖီဆိုင်ရှေ့လမ်းမပေါ်တွင်မနက်ပိုင်းသွားလာသူများနှင့်စည်ကားလျက်ရှိနေသည်။ထိုလူများထဲတွင်အနက်ရောင်longcoatအရှည်ကိုဝတ်ဆင်ထားကာလက်အိတ်အနက်စွပ်ထားသောသူမှာတဖက်လမ်းသို့မျက်တောင်မခတ်စိုက်ကြည့်နေပုံမှာကြောက်စရာကောင်းလွန်းလှတော့သည်။မြင့်မားသောအရပ်ဖြူဖွေးလွန်းသောအသားအရည်နှင့်အေးစက်စက်မျက်နှာပေးတို့ကြောင့်ထိုလူသားသည်သေမင်းတမာန်လားလို့မေးစရာမလိုအောင်သိသာလွန်းနေခဲ့သည်။

Aliceသည်ကော်ဖီဆိုင်ထဲမှပြေးထွက်သွားပြီးRMလက်တို့အားဖမ်းဆုပ်လိုက်သည်။

"Oppa"

"ဟင်"

"Aliceဘယ်လိုလုပ်ပြီး
ဒီနေရာကိုရောက်နေတာလဲ"

"အဲ့တာတွေမမေးနေပါနဲ့
oppa အခုဘာတွေလုပ်ဖို့
ကြံစည်နေတာလဲ"

"ကိုယ်ဘာလုပ်လို့လဲဒီနေရာမှာ
သေဆုံးမယ့်လူတယောက်ကို
လာစောင့်နေတာလေ"

"Oppa...Aliceကိုကတိပေးထားတယ်နော်
ဘာမှအမှားထပ်လုပ်လို့မရဘူး
ဒီတခါအပြစ်ထပ်လုပ်ရင်
အထက်ဘုံကိုလာဖို့
နောက်ထပ်နှစ်တွေ
အကြာကြီးစောင့်ရတော့မယ်ဆိုတာ
မမေ့နဲ....ပြီးတော့
အခုတခါအပြစ်လုပ်မိရင်
ငရဲဘုံထိသွားပြီးအပြစ်ခံရမယ်ဆိုတာ
Oppa..သိတယ်နော်"

ပြောချင်တဲ့စကားတို့သည်
လည်ချောင်းဝမှာဆို့နင့်လျက်ဆက်ပြီး
ထွက်ကျမလာခဲ့တော့ပေ။
oppaသည်သေဆုံးခြင်းနဲ့ရှင်သန်ခြင်းအားစိတ်တိုင်းကျပြောင်းလဲနိုင်သူမို့တခါတလေကောင်းကင်အမိန့်အားဆန့်ကျင်ကာ
သူလုပ်ချင်ရာလုပ်ခဲ့သည့်သာဓကတွေရှိခဲ့ဖူးသည်မို့ဒီတခါလည်းအမှားထပ်လုပ်မည်ကိုသူမကအရမ်းစိတ်ပူနေတာလည်းဖြစ်သည်။

RMသည်လက်တွေအားတင်းကြပ်စွာဆုပ်ကိုင်ထားသောချစ်ရသူ၏လက်တစုံကြောင့်ခိုင်မာနေသောသူ့ဆုံးဖြတ်ချက်တို့အားပြောင်းလဲပစ်မည့်သူမျိုးတော့မဟုတ်။ဆုံးဖြတ်ချက်ချပြီးရင်ဘယ်သူတားတားနောက်မဆုတ်တတ်သည့်သေမင်းမို့အထက်ဘုံရောအောက်ဘုံရောRMကိုဆိုလန့်ကြ၍သွားမရှုပ်ရဲကြချေ။

RMသည်သေဆုံးမည့်သူစာရင်းကိုပြန်ကြည့်ကာသက်ပြင်းချလိုက်မိသည်။ဒီနေ့သေဆုံးမည့်အမျိုးသမီးမှာအရမ်းဆိုးရွားသောဘဝအားဖြတ်သန်းခဲ့ရပြီးသေဆုံးဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့်သက်တမ်းကျန်နေသေး၍မအောင်မြင်ခဲ့သော်လည်းဒီနေ့တွင်ဧကန်မုချသူမသေဆုံးရတော့မည်သာ...ဒါပေမယ့်သေမင်းသည်စာနာထောက်ထားသောအားဖြင့်ဘဝတလျှောက်လုံးပျော်ရွှင်ခြင်းဆိတ်သုဥ်းခဲ့သောသနားစရာထိုအမျိုးသမီးအားကယ်တင်ဖို့အတွက်ကောင်းကင်ဘုံရဲ့အမိန့်အားဆန့်ကျင်ရန်ဆုံးဖြတ်ချက်ချခဲ့သည်။

အိန်ဂျယ်ဖက်တဲ့ဖူးစာWhere stories live. Discover now