episode-7

595 81 1
                                    

securityခန်းထဲရှိCCTV Cameraကနေညကအဖြစ်အပျက်အားပြန်ကြည့်ကာ
အဖြေရှာနေသောjimin....
မနေ့ညကအဆောက်အဦးရှေ့
ကားရပ်တဲ့အထိသာမြင်ရပြီး
ကျန်တဲ့နာရီဝက်စာလောက်က
စက်ချို့ယွင်းသွားသလို
ဘာမှမမြင်ရတော့...ပျက်သွားတဲ့အပိုင်းက
သူဝင်လာတဲ့အချိန်နဲ့ကွက်တိ
ဖြစ်လို့နေသည်။သိချင်ပါတယ်ဆိုမှ
ပျက်နေရသောအပိုင်းကိုကြည့်ပြီး
အားမလိုအားမရဖြစ်ကာ
လုံခြုံရေးဝန်ထမ်းအားပြဿနာရှာနေသော
jiminကိုနာမီဆွန်းမနဲဖြောင်းဖျကာ
ခေါ်လာခဲ့ရသည်။

လုံခြုံရေးဝန်ထမ်းကောင်လေးမှာလည်းjiminစိတ်တိုနေတာကြည့်ပြီး
လန့်ဖျတ်ကာအယောင်ယောင်မှားမှားနဲ့တောင်းပန်နေတာဘယ်နှကြိမ်မှန်းမသိတော့။jiminစိတ်တိုတာကိုလည်းအပြစ်တော့ပြော၍မရ...အဆောက်အဦးထဲက
CCTVအကုန်တချိန်ထဲပြိုင်တူပျက်နေကြသည်ကလည်းအရမ်းထူးဆန်းနေတယ်မလား..
အရင်ကတ ည်းကမှjiminနေတဲ့
တိုက်ခန်းအားစိတ်ထဲသိပ်မင်္ကာလို့
အိမ်ပြောင်းဖို့အကြိမ်ကြိမ်
တိုက်တွန်းခဲ့သောနာမီဆွန်း....
ဒီတခါအဖြစ်အပျက်ကြောင့်
တခုခုအားတွေးမိကာ
ကျောရိုးတလျှောက်စိမ့်တက်လာတော့သည်။

..
မဖြစ်ဘူးjiminကိုဒီအိမ်ကပြောင်းဖို့
ပြောမှဖြစ်မယ်....

"Jimin..ah!!!
ကျန်တဲ့ကိစ္စတွေကိုခဏမေ့ပြီး
Big Hit ကပေးတဲ့Dormမှာ
ခဏသွားနေလိုက်ပါ့လား..
ဒီကပြဿနာကိုအဖြေရှာ
မတွေ့သေးခင်ထိဟိုမှာ
ခဏနေလိုက်ပါနော်"

"noona...ကလည်းကျနော့်အကြောင်း
သိရဲ့သားနဲ့တခြားသူတွေနဲ့
အတူမနေတတ်တာ...
အိမ်ကိုပြန်လာတဲ့အချိန်လေးတော့
သက်တောင့်သက်သာလေးနေပါရစေ..."

" အမြဲတမ်းနေရမယ်လို့မပြောပါဘူး..
.အချိန်တခုထိဘဲ့နေဖို့
စဥ်းစားခိုင်းနေတာ..အခုက
ဒီမှာဆက်နေဖို့အဆင်မပြေဘူးလေ..
.မင်းအတွက်ဒီနေရာ
safeမဖြစ်တော့ဘူး...ညကလို
အဖြစ်မျိုးထပ်ဖြစ်ရင်
ဘယ်လိုလုပ်မလဲ..လူကောင်းလား
လူဆိုးလားမသိနိုင်တဲ့
အခြေအနေမို့စိတ်ချလို့မရဘူး...
ကားသမားကိုလည်းယုံလို့မရဘူး...
သူရုတ်တရက်အိပ်ပျော်သွားတယ်
လို့ပြောတာကိုကသူ့မှာအပြစ်ရှိတယ်..
Big Hit ကိုရောက်ရင်
ကားသမားပြောင်းပေးဖို့ပြောရမယ်.."

အိန်ဂျယ်ဖက်တဲ့ဖူးစာWhere stories live. Discover now