episode-6

574 78 0
                                    

မနက်ကBig Hit ကိုအလာနောက်ကျ၍တနေကုန်
လုပ်စရာအလုပ်တွေအကုန်နောက်ကျသွားကာ
ညနေအထိလက်စမပြတ်သေး...စောစောက
Jung Hoseok တခါလာကြည့်သွားတာတွေ့ပေမယ့်မသိချင်ဟန်ဆောင်နေလိုက်ရသည်။မဟုတ်ရင်သူအားနာနေရအုံးမည်။Hoseok Hyungကလည်းအားနာလို့ထင်တယ်ဖုန်းမဆက်ဘူး...

တကယ်တော့jungkookနဲ့အလုပ်တွဲလုပ်ဖို့
ဆုံးဖြတ်လိုက်ပေမယ့်jiminအနေဖြင့်မျက်နှာချင်းဆိုင်စကားပြောရမှာအရမ်း
ခက်ခဲနေတာအမှန်...ဆုံဆည်းမှုအတိတ်တွေကjungkookအတွက်နာကျင်ရွံမုန်းစရာဖြစ်ခဲ့တယ်မလား...ကိုယ့်အတွက်တော့အချစ်ဆိုတဲ့အရာကိုရှာတွေ့ခဲ့ပေမယ့်သူ့အတွက်တော့အဲ့လိုမဖြစ်ခဲ့ဘူးတဲ့လေ...ကျောပိုးအိတ်ထဲပစ္စည်းတေွကောက်ထည့်ရင်းjiminသက်ပြင်းတိုးတိုးလေးချလျက်... အတိတ်ကိုအတိတ်မှာဘဲ့သိမ်းထားတာ
ဘဲ့ပိုကောင်းလေသည်။မင်းလည်းကိုယ့်ကိုမမှတ်မိပါစေနဲ့လို့ဆုတောင်းပါရစေjungkook..

နဖူးစတွင်တွဲခိုနေသောချွေးစက်လေးများအားလက်ဖြင့်သုတ်ရင်းပင်ပန်းနွမ်းနယ်နေသောမျက်နှာလေးသည်မကြာခင်အားကုန်တော့မယ့်ဖုန်းပမာ..မျက်နှာပေါ်အပြုံးတို့သာအမြဲဆင်မြန်းထားတတ်သောထိုကောင်လေးသည်မိမိပင်ပန်းသမျှအားဖုံးကွယ်ထားတတ်သေး၏။ Jimin
အားကြည့်ရင်း"နာမီဆွန်း" ဘူဆန်မှလူတယောက်ဆီဖုန်းဆက်ဖို့ဆုံးဖြတ်လိုက်လေသည်။jiminရဲ့ဘဝမှာတဦးထဲသောမိသားစုဝင်..
မိခင်ဂင်မီယောင်း...

လွတ်လပ်စွာနေတတ်သူမို့မိခင်အား
ဖက်လှဲတကင်းမရှိပေမယ့်အရမ်းချစ်တာ
"နာမီဆွန်း"အသိဆုံးပင်...သူသာဖုန်းအမြဲမဆက်တာမိမိကိုတော့အစ်မမေမေ့ဆီဖုန်းဆက်လိုက်အုံးကျနော်ခရီးသွားရမယ်..ဘယ်လောက်ကြာမယ်စသဖြင့်တခုခုလုပ်နေတာဖြစ်ဖြစ်စားနေတာဖြစ်ဖြစ်photoရိုက်ပြီးပို့ခိုင်းရတာအမော..ကိုယ့်ဘာသာပို့ပါလားလို့ပြောရင်အကြောင်းအမျိုးမျိုးပြကာရှောင်ထွက်သွားတတ်စမြဲ..jiminဆိုတဲ့ ဒီကောင်လေးဟာသူ့အချစ်ကိုတဖက်လူသိအောင်ဘယ်တော့မှထုတ်ပြလေ့မရှိ ...
မသိမသာဂရုစိုက်ပေးရင်းသာသူ့ခံစားချက်ကိုဖော်ပြတတ်တဲ့ကလေး...

အိန်ဂျယ်ဖက်တဲ့ဖူးစာWhere stories live. Discover now