Ep 1(z+u)

25.4K 887 14
                                    

Uni

💗မောင့်မူပိုင်ရှင်💗

အပိုင်း 1

ဂုဏ်သရေရှိဧည့်သည်တော်များ လာရောက်ဂုဏ်ပြုသော မင်္ဂလာပွဲတခုဖြစ်၏..... ။ ကမ္ဘာ့အချမ်းသာဆုံးအိမ်တော်နှစ်ခုမှ မိသားစုချင်း ရွှေလမ်းငွေလမ်းဖောက်သောပွဲလဲဖြစ်သလို...သတို့သားတယောက်ထဲသာရှိနေသော မင်္ဂလာပွဲလို့ပြောလျှင်လဲမမှားပေ...။

"မေမေ အကို ကဒီနေ့မလာဖြစ်တော့ဘူးထင်တယ်"

မျက်ရည်များရစ်ဝိုင်းကာ ရှိုက်သံသဲ့သဲ့ဖြင့်ပြောနေသော သားဖြစ်သူကိုကြည့်ကာ ဒေါ်ဟန်နီ စိတ်မကောင်းဖြစ်နေမိသည် ...။ သူမရဲ့သားလေးအပေါ် ကံကြမ္မာကဘာ့ကြောင့်ရက်စက်ရသလဲ..။

"မငိုပါနဲ့သားလေးရယ် မင်္ဂလာပွဲတောင်ပြီးတော့မယ် ခန့်တည်ကြည်က ရောက်မလာဘူးလေ"

"ဒါ.. ဒါဆို..သား..သားတို့မင်္ဂလာပွဲကပျက်ပြီပေါ့နော် ဟင့်"

နှိုင်းရတု၏ စကားကြောင့် ဦးခန့်နိုင်နဲ့ဒေါ်ကြည်ပြာလဲ မျက်နှာပျက်ရလေပြီ ...။နှ်ုင်းရတုပြောသည့်စကားဟာ ဟုတ်တော့လဲ ဟုတ်ပါသည်လေ....။ ယခုလိုသူတို့၏သားဖြစ်သော ခန့်တည်ကြည်၏ လုပ်ပုံက ခွင့်လွှတ်နိုင်စရာအကြောင်းမရှိပေ...။ ဒီလိုနှင့် သတို့သားတယောက်ထဲသာ ကျင်းပခဲ့ရသော မင်္ဂလာပွဲသည်လဲ ပြီးမြောက်သွားခဲ့သည် ...။ အင်းး စိတ်မချမ်းသာမှုတွေနဲ့အတူပေါ့......။

"တောက်!! ခန့်တည်ကြည် မင်းအခု ဘာစောက်ချိုး ချိုးလိုက်တာလဲ!!"

ခန့်တည်ကြည် အိမ်ထဲဝင်လာသည်နှင့် ဆီးကြိုသောစကားသံဖြစ်သည်..။ အင်း ...ဒေါသသံလေးလဲစွက်နေတာပေါ့...။ ခန့်တည်ကြည်လဲ လှေကားပေါ်တက်မည့် ခြေလှမ်းတွေကို ... ရပ်တန့်လိုက်ပြီး ဧည့်ခန်းထဲတွင်ရှိသော ဖခင်ဖြစ်သူထံသို့ တလှမ်းချင်းလျှောက်သွားလိုက်သည်..။ ထို့နောက်Sofaပေါ်တွင် ခေါင်းငိုက်စိုက်ထိုင်နေသော နှိုင်းရတုထံသို့ အကြည့်တချက်ပို့လိုက်ပြီး...

"Daddy တို့ကိုသားကြိုမပြောခဲ့ဘူးလား သားအဲ့အကောင်နဲ့မယူနိုင်ဘူး ...ပြီးတော့ သားမှာလဲချစ်သူရှိတယ်လို့ ပြောခဲ့တယ်... အခုလည်း သားဆန္ဒမပါပဲ အဲ့အကောင်နဲ့မင်္ဂလာဆောင်ဖို့အတွက် daddyတို့ပဲ အတင်းအကြပ်စီစဥ်ခဲ့တာမဟုတ်ဘူးလား"

မောင့်မူပိုင်ရှင်(Z+U) CompleteDonde viven las historias. Descúbrelo ahora