Ep 2(z+u)

9.6K 599 4
                                    

Uni

💗မောင့်မူပိုင်ရှင်💗

Ep 2

ခန့်တည်ကြည် ရေချိုးပြီးအဝတ်စားလဲကာ အခန်းထဲမှထွက်လာတော့ နှိုင်းရတုကမီးဖိုဆောင်တွင် ချက်ပြုတ်နေသည်....။

"ဗိုက်ဆာတယ်"

နှိုင်းရတုတယောက် ချက်ပြုတ်နေစဥ် အနောက်မှ ခန့်တည်ကြည်၏အသံကြားရတာကြောင့်...  လုပ်စလက်လေးခဏရပ်ကာ ခန့်တည်ကြည်ထံသို့အကြည့်ပို့လိုက်သည်...။

"ဟုတ်ကဲ့ အကို စားဖို့အဆင်သင့်ဖြစ်ပါပြီ ခနလေးနော် ကျွန်တော် အကို့အတွက် ထမင်းခူးပေးမယ်"

နှိုင်းရတုက ထမင်းဟင်းတွေအဆင်သင့်ခူးခပ်ပေးလေတော့... ခန့်တည်ကြည်လဲ နှိုင်းရတု ပြင်ပေးတဲ့ထမင်းနဲ့ဟင်းကို မြိန်ရည်ရှက်ရည်စားသောက်နေလေသည် ...။ သူစားဖူးသမျှထဲမှာ နှိုင်းရတု၏ လက်ရာသည် စား၍ကောင်းလွန်း၏...။ နှိုင်းရတုလဲ ခန့်တည်ကြည် ထမင်းစားတာကိုကြည့်ပြီး ပီတီဖြစ်နေလေသည်..။

"ငါအပြင်သွားတော့မယ်"

စားသောက်ပြီးတော့ ခန့်တည်ကြည်လဲ နှိုင်းရတုနှင့် အတူမနေချင်တာကြောင့် အပြင်ထွက်လာခဲ့သည် .....။ ထို့နောက် Clubသို့သွားကာ အရက်အလွန်ကျွံသောက်ပြီး ကောင်မလေးများနှင့်တွဲကနေလေသည်.....။

ည10နာရီကျော်သည်အထိ ခန့်တည်ကြည်ဟာ အိမ်ပြန်ရောက်မလာသေးပေ...။ နှိုင်းရတုတယောက် အိမ်အကျယ်ကြီးထဲတွင် သူ တယောက်ထဲကျန်ခဲ့ရတာမို့ ကြောက်နေရှာသည်..။

{ပြန်လာပါတော့ကိုကိုရယ် ကျွန်တော်အရမ်းကြောက်တယ်......}

ကြောက်စိတ်တို့ပြေလိုပြောငြား.. အတိတ်ဆီသို့ အတွေးပို့မိသည်...။ လွန်ခဲ့သောသုံးရက်သုံးနှစ်ခန့်က....နှိုင်းရတု၏အသက်က 16နှစ်ခန့်ရှိပြီး ခန့်တည်၏အသက်က 22နှစ်ဖြစ်၏..။

ထိုနေ့က နှိုင်းရတုတယောက် ကျောင်းသို့ဆိုင်ကယ်မောင်းကာ ထွက်လာခဲ့သည် ...။

"အာ.. ဒီနေ့ ဆရာများတွေ့ဆုံပွဲအတွက် အခန်းနားပြင်ဖို့ ဆရာမ ပန်းဝယ်ခိုင်းလိုက်တာပဲ ဟူး.. မေ့တော့မလို့"

နှိုင်းရတုလဲ ပန်းဝယ်ရန် ပန်းဆိုင်ရှေ့တွင် ဆိုင်ကယ်ရပ်လိုက်ပြီး ... ဆိုင်ထဲသို့ဝင်လာစဥ် ကောင်တာမှာထိုင်နေတဲ့ အကိုကြီးတယောက်ကိုမြင်လိုက်လေသည် ...။ ထိုအကိုကြီးကတော့ သူ့ဘေးမှာရှိတဲ့ မမချောချောတယောက်နဲ့ ပြုံးရယ်လျက် စကားပြောနေသည်...။

မောင့်မူပိုင်ရှင်(Z+U) CompleteDonde viven las historias. Descúbrelo ahora