Ep 9(z+u)

7K 382 8
                                    

Uni

💗မောင့်မူပိုင်ရှင်💗

Ep 9

"လက်မခံနိုင်ဘူး!!!!"

ခေတ္တာငုံအိမ်တော်ရှိ ဦးခန့်နိုင်ရဲ့  ဒေါသကြီးစွာ ငြင်းဆိုသံသည်... မိုးခြိမ်းသံအလား....။

"ဟက်... ဘာလို့လဲ...သခင်ကြီးရဲ့ဦးခန့်နိုင်ရဲ့"

နီရဲရဲနုတ်ခမ်းထက်... တခြမ်းစောင်းအပြုံး...တနည်းအားဖြင့် ခနဲ့သလိုအပြုံးကိုဆင်မြန်းထားပြီး မေးလိုက်သော ယုယရတီဟာ အလွန်အဆိပ်ပြင်းလှသည်..။

"အကြောင်းပြချက်မရှိဘူး... မင်းကိုငါတို့အိမ်တော်ရဲ့ချွေးမအဖြစ်... လုံးဝလက်မခံနိုင်ဘူး"

"အော်..အော်... ကောင်းပြီလေ... ဒါဆို.မီဒီယာပေါ်မှာပျံ့နေတဲ့...သခင်လေးခန့်တည်ကြည်နဲ့... ကျွန်မရဲ့..အိပ်ယာထက်ကအချစ်ဇာတ်လမ်းလေးကို ဘယ်လိုဖြေရှင်းမလဲသိချင်မိတယ်"

"ယုယရတီ... မင်းဘာလို့ ငါ့အဖေရဲ့ ရှေ့မှာ ခုလိုတွေပြောထွက်ရတာလဲ"

ခန့်တည်ကြည် လုံးဝထင်မထားပါ...  ။ ယုယရတီဟာ ဒီလိုမိန်းမစားမျိုးဖြစ်သည်ကို သိလိုက်ရတော့ စိတ်ပျက်ဖို့ကောင်းလွန်း၏..။ ညက သတင်းကိစ္စကြောင့် အိပ်ရေးပျက်နေသော်လဲ မိုးလင်းကာစအချိန်မှာ ကြားလိုက်ရသော.. ယုယရတီနဲ့ဖခင်ဖြစ်သူ၏ အခြေအတင်စကားများသံကြောင့် ဒီမိန်းမ ဘာတွေကြံစည်နေတာလဲဟုတွေးမိလိုက်သည်..။

"အိုးးးးး...မောင်..လာလေ... ဒီမှာ မောင့်ဖေဖေကို မောင် နဲ့မောင်လက်ထပ်ဖို့ကိစ္စ ကူပြောဦးလေ"

"မင်းကိုမင်း သိပ်အထင်ကြီးလွန်းနေပြီ ယုယရတီ... ငါက မင်းကိုလက်ထက်မယ်လို့ ပြောမိလို့လား "

လှေကားပေါ်က တဆင့်ချင်းဆင်းလာပြီး....ပြောလိုက်သော..ခန့်တည်ကြည်၏ စကားကြောင့်.. ယုယရတီ စိတ်တိုသွားသည်...။

" ဒီမှာမောင်... ရှင်နဲ့ကျွန်မကိစ္စက တနိုင်ငံလုံးပျံ့နေပြီ... ပြီးတော့ ဒါဟာအမှန်တရားတခု... ရှင်နဲ့ကျွန်မ တကယ်ဖစ်ခဲ့ကြတာပဲ... ရှင်မှာတာဝန်ယူခွင့်ရှိတယ်"

" ငါ့သားက သခင်မျိုးနွယ်.... မင်းလိုအညတရတယောက်ကို ...ဆက်ဆံပေးတာနဲ့တင် မင်းဂုဏ်ယူသင့်နေပြီ... ရွှေကိုရွှေနဲ့ထပ်မှမြတ်တာ.. ခတ္တာငုံ အိမ်တော်ရဲ့ သားမက်ဟာ သခင်လေးနှိုင်းရတုတယောက်ပဲရှိတယ်.. လာရာလမ်းက ပြန်လိုက်ပါ"

မောင့်မူပိုင်ရှင်(Z+U) CompleteWhere stories live. Discover now