Ep 8(z+u)

7.3K 427 7
                                    

Uni

💗မောင့်မူပိုင်ရှင်💗

Ep 8

နှစ်ပတ်လောက်ကြာတော့ ခန့်တည်ကြည် အိမ်သို့ပြန်ရောက်လာခဲ့သည်...... ။အိမ်ထဲမှာ နိှုင်းရတု၏ မိဘတွေနှင့် သူ့ရဲ့မိဘတွေကိုတွေ့လိုက်ရသည်... ။နောက်တယောက်က နှိုင်းရတု၏ရဲ့အတွင်းရေးမှုမလေး ရှင်း ပါရောက်နေခြင်းဖြစ်၏..။ အိမ်ထဲဝင်လိုက်သည်နှင့် သူ့ရဲ့မိခင်က sofaပေါ်မှ ထလာကာ.. သူ့ရဲ့ပါးပြင်ပေါ်သို့ လက်ဖဝါးဖြင့် အားပါပါရိုက်ခြင်းခံလိုက်ရသည်...။

*ဖြန်းးး"

ပူထူသွားတဲ့ ပါးပြင်ကိုကိုင်ကာ ခန့်တည်ကြည် ကြောင်အနေတုန်း မိခင်ဖြစ်သူ၏နုတ်မှ ပြောလာသည့်စကား​ကြောင့် ခန့်တည်ကြည်၏ မျက်ဝန်းများဝိုင်းစက်သွားသည်..။

"သားမိုက်... မင်းက မကောင်းတဲ့ကောင်ပဲ"

ခန့်တည်ကြည် တယောက်.. သူ့ရဲ့မိခင်ပြောတာတွေကိုနားမလည်နိုင်..။ ပိုဆိုးသည်က... သူ့အ​ေမရဲ့ပုံစံဟာ တခုခုကိုဒေါသထွက်နေသလို...။ ကျန်တဲ့လူကြီးတွေကိုကြည့်တော့လဲ မျက်နှာတွေပျက်ယွင်းနေ၏..။

"မေမေ မေမေ..ဘာတွေပြောနေတာလဲ.. အခုဘာတွေဖြစ်နေကြတာလဲ"

"နင့်ကြောင့်.. ငါ့သမက်လေး ဒီနိုင်ငံထွက်သွားပြီ.... လူဆိုးကြီးရဲ့.. နင်ပျော်နေပြီမို့လား.. ဟင့်"

*ဖုန်း..ဖုန်း*

မိခင်ဖြစ်သူက ခန့်တည်ကြည်၏ ရင်ဘတ်ကို လက်ဖြင့်တဖုန်းဖုန်းထုရင်း.. ငိုကာပြောနေလေသည်... ။ ခန့်တည်ကြည် ထိုနေရာတွင်မလှုပ်မယှက် ကြောင်အနေဆဲ...

"မေမေ အခုဘာပြောလိုက်တာလဲ.. နှိုင်း.. နှိုင်းရတုက ဘာလို့ဒီနိုင်ငံကထွက်သွားတာလဲ"

"မောင်ရင်မေးတော့လဲ ဦးတို့ဘက်က  ပြောရမှာပေါ့.. ရော့ ဒီဖိုင်တွေကြည့်လိုက်"

သူထိုသို့မေးလိုက်တော့ နှိုင်းရတုရဲ့အဖေက စားပွဲပေါ်သို့ ဖိုင်တချို့ပစ်ချပေး၏..။ ခန့်တည်ကြည်လဲ စားပွဲနားသွားကာ ဖိုင်ကိုယူကြည့်လိုက်တော့...ကွာရှင်းစာချုပ်နှင့်အတူ.. ပိုင်ဆိုင်မှုလွှဲပြောင်းခြင်း စာချုပ်ကိုတွေ့လိုက်ရသည်..။

မောင့်မူပိုင်ရှင်(Z+U) CompleteOù les histoires vivent. Découvrez maintenant