Ep 10 (z+u)

7.8K 422 2
                                    

Uni

💗မောင့်မူပိုင်ရှင်💗

Ep 10

နှိုင်းရတုရဲ့ဖခင်ဖြစ်သူဟာ...... ခတ္တာငုံအိမ်တော်ထဲဝင်သည်နှင့် ဧည့်ခန်းထဲတွင်မြင်တွေ့လိုရသော.. ဘီယာဘူးခွံအချို့ကြောင့်.... သက်ပျင်းခပ်ဖွဖွချရင်း.. Sofaပေါ်တွင် မူးရူးကာအိပ်ပျော်နေသော.. ခန့်တည်ကြည်ရဲ့ ခန္ဓာကိုယ်ကို လှုပ်နှိုးလိုက်သည်...။

"သားမက်ခန့်...သားမက်ခန့်..."

လှုပ်နှိုးမှုနှင့်အတူ အနည်းငယ်လူးလွန့်လာသောခန္ဓာကိုယ်....။ ထို့နောက် လေးလံနေသော... မျက်ဝန်းတစုံကို အားစိုက်ကာဖွင့်လျှက်...

"အဖေ ... ဘယ်လိုရောက်လာတာလဲ"

အိပ်နေရာမှာခန့်တည်ကြည်လဲ ထထိုင်လိုက်တော့... ခန့်တည်ကြည် ထိုင်နေသော Sofaဘေးတွင် နှိုင်းရတုရဲ့အဖေလဲ ဝင်ထိုင်လိုက်သည်..။

"ယုယရတီကိုရော...မတွေ့ပါလား"

"ဟက်... ဒီမိန်းမအကြောင်း မမေးပါနဲ့လားအဖေရယ်... ခုချိန်ဆို ကျွန်တော့်ရဲ့ ဘဏ်ကဒ်ယူပြီးသုံးဖြုံးနေလောက်ပြီ"

ခန့်တည်ကြည် ခြောက်ကပ်ကပ်ရယ်လျှက် ယောက္ခထီးဖြစ်သူရဲ့ အမေးကိုပြန်ဖြေလိုက်သည်... ။ ခန့်တည်ကြည်နဲ့ယုယရတီ ယူလိုက်တော့.. ခန့်တည်ကြည်က  သူပိုင်ဆိုင်သမျှကို နှိုင်းရတုရဲ့အဖေကို အပ်ထားလိုက်သည်... ။သုံးစွဲရန်အတွက် ဘဏ်အကောင့်ထဲကငွေကိုသာသုံးသည်...။

ယုယရတီဟာ ထိုကိစ္စကိုမကျေနပ်သော်လည်း... ဘာမျှမလုပ်နိုင်သည့်အတွက် ခန့်တည်ကြည်ရဲ့ ဘဏ်ကဒ်ကို အပိုင်စီးကာ...  စိတ်ကြွဆေးသို့မဟုတ်..  ဘိန်ဖြူများကိုသုံးနေလေသည်...။ ခန့်တည်ကြည်ကတော့ နှိုင်းရတုကို လွမ်းတဲ့စိတ်ကြောင့် အရက်သမားလုံးလုံးဖြစ်နေခြင်း.....။

"သားမက်ခန့်ကို အ​ေဖတခုပြောချင်တယ်... ခုဆို သားရတုကလဲ အဝေးမှာ... အ​ေဖကလဲအသက်ကြီးနေပြီ... သားမက်ခန့်သာ ဒီလိုသောက်စားမူးရူးနေရင်... ကုမ္ပဏီဒေဝါလီခံတော့မယ်.... သားမက်ခန့် သေချာစဥ်းစားပါ... ဘဝကိုဒီလိုပဲ အဆုံးသတ်တော့မလို့လား"

"ကျွန်တော့်ဘဝက မောင်မရှိတော့တဲ့အချိန်ထဲက...  သေလူတယောက်လိုဖြစ်နေပါပြီ.. အဖေရယ် ကျွန်တော်လေ... မောင့်ကို အရမ်းလွမ်းတယ်"

မောင့်မူပိုင်ရှင်(Z+U) CompleteWhere stories live. Discover now