မက်ခွင့်မရှိ - 9

1.3K 74 3
                                    

အတန်ကြာမှ ထိုအဖြေစကားကို ကြားလိုက်ရတယ်။ ထိုတော့မှ အတိတ်သို့တစ်ခနရောက်ရှိလို့သွားသော သူ့ရဲ့စိတ်တွေဟာ လက်ရှိအခြေအနေသို့ပြန်ရောက်ရှိလာတယ်။
တဒင်္ဂ ပျော့ညံ့သွားမိသောစိတ်ကြောင့် ကိုယ့်ကိုယ်ကိုကျိန်ဆဲလိုက်မိကာ...

"နက်ဖြန်ည AB groupရဲ့ညစာစားပွဲမှာ ခင်ဗျားက ကျွန်တော့်ပါတနာအနေနဲ့ တက်ရမယ်"

"ပါ တ နာ အနေနဲ့...?"

"အင်း"

"ဒေးဒေး မင်း ကိုယ့်ကို ဘယ်လောက်တောင်အဆုံးစွန်ထိ..."

နှိမ့်ချဆက်ဆံဖို့စဥ်းစားနေတာလဲကွာ...
စကားအပြည့်အစုံကို ဆက်မပြောနိုင်တော့သည်အထိ မိုးသောက်သံစဥ်ရဲ့ရင်ထဲ တင်းကျပ်လို့လာရတယ်။

ပထမက မေမေနဲ့ သူတို့အသိုင်းအဝိုင်း..
ဒုတိယက ရည်းစားဟောင်းရဲ့အရှေ့မှာ မျက်နှာထားစရာမရှိတော့သည်အထိ ယုတ်မာရိုင်းစိုင်းပြီးစွပ်စွဲပြောဆိုနေခြင်းတွေ...
တတိယက သူ့ရဲ့ဘဝ...

အခုကျတော့ သူတို့ရဲ့လုပ်ငန်းခွင်အသိုင်းအဝိုင်းထိကိုပါလား။ အဲလောက်ထိလုပ်မှကိုရတော့မှာလား။ သူ့ရဲ့မာန သိက္ခာအကုန်လုံးကို ဒေးဒေးရဲ့ခြေဖဝါးအောက်မှာ နင်း​ချေခွင့်ပေးထားရတော့မှာလား။

"အဓိကက အဲဒါပြောဖို့လာတာ...ပြီးတော့ သတိပေးထားရအုံးမယ် ခင်ဗျား အဲဒါကိုငြင်းခွင့်မရှိဘူး"

"...."

"အကယ်လို့ နက်ဖြန်ည ကျွန်တော်ရှိရာဆီကို အချိန်မှီမရောက်လာခဲ့ရင်...ဟက် နောက်တစ်နေ့ ဘာသတင်းကောင်းတွေကြားရမလဲ စောင့်ကြည့်ပေါ့"

"...."

မတ်တပ်ရပ်ကာ မှိုင်တွေနေဆဲဖြစ်တဲ့ မိုးသောက်သံစဥ်ကို​ ပြောစရာရှိတာတွေပြောပြီးတာနှင့် ကျောခိုင်းလှည့်ထွက်လာခဲ့လိုက်တယ်။

ထိုစဥ်မှာပင်ရုတ်တရက် တစ်စုံတစ်ယောက်ရဲ့ဖုန်းဆီမှ Ringtone သံတိုလေးတစ်ခုကထွက်ပေါ်လို့လာတယ်။

🎶မှားလား အချစ်များအကုန်လုံး မင်းအတွက်...
ငါလဲ ရူးတော့မယ် ကလေးရာ...
ဆုံးဖြတ် အချစ်အမုန်း နောက်ဆုံးပြောအုံး...
တစ်စုံတစ်ခု မင်း ရွေးချယ်ပေးပါ...
ဒီဘဝ မှားလား?  🎶

မက်ခွင့်မရှိ (မက္ခြင့္မရွိ)【Completed】Where stories live. Discover now