မက်ခွင့်မရှိ - 38

976 44 5
                                    

ဘုတ်....

"အာ....ပြုတ်ကျပြန်ပြီကွာ!!!"

မနိုင်မနင်းသယ်လာရတဲ့ အထုပ်အပိုးများစွာက ပြုတ်ကျလိုက်၊ ပြန်ကောက်လိုက်နဲ့.. ဒီတစ်သက် ရည်ရွယ်ရာနေရာသို့ ထင်သာ ရောက်ရှိပါတော့မလား...

မတတ်နိုင်ဘူး... !
ဓာတ်လှေကားကို ခေါက်တုံ့ခေါက်ပြန်၊ ပြန်မစီးချင်တဲ့ ငပျင်းရောဂါကြောင့် လူနဲ့အထုပ်နဲ့မမျှသော်ငြား ပွေ့ပိုက်ပြီးတော့ ဆက်သွားနေဆဲသာ။

ဘယ်ဘက်လက်ကအထုပ်တွေကို ကြမ်းပြင်ပေါ်ခဏချ၍ ထင်သာ့ခန္ဓာကိုယ်ကိုငုံ့ကိုင်းလိုက်သည်။ ပြုတ်ကျနေတဲ့ပစ္စည်းတွေဆီ လက်လှမ်းလိုက်တော့ ရုတ်တရက် သူ့လက်ပေါ်သို့ထပ်လျက်အုပ်မိုးလာသော လက်တစ်ဖက်...

ဘယ် သူ... ?

မော့ကြည့်လိုက်တော့ ထင်သာ့မျက်စိထဲသို့တန်းခနဲဝင်ရောက်လာတာက ထိုလူ၏ညာဘက်မျက်ခုံးပေါ်က ကန့်လန့်ဖြတ်အမာရွတ်တစ်ခု... ထို့နောက် ရှပ်အင်္ကျီကော်လံအောက်က တစ်စွန်းတစ်စပေါ်ထွက်နေတဲ့ တတ်တူးတစ်ချို့ကို မြင်လိုက်ရတယ်။

"ရာဇာသက္ကရာဇ်... "

"......"

ထင်သာ့ ပါးစပ်ဖျားမှ ထိုနာမည်က လွှတ်ခနဲထွက်လို့သွားသော်ငြား တစ်ဖက်လူကတော့ ဆက်လက်၍ ပြုတ်ကျနေတဲ့ပစ္စည်းတွေကိုကူကောက်ပေးနေခဲ့ပြီး ထင်သာ့ကိုကမ်းပေးလာတယ်။

"ကျေးဇူးဘဲ"

"အင်း"

"မင်း ဒီကိုဘယ်လိုလုပ်ရောက်နေတာလဲ"

ဒီနေရာက ကိုမိုးတစ်ယောက် လက်ရှိနေထိုင်ရာကွန်ဒိုအိမ်ရာတစ်ခုပင်။ အဖျားသွေးအနည်းငယ်ရှိနေတဲ့ကိုမိုးအတွက် လိုအပ်တာတွေဆင်းဝယ်ပြီးတော့ အပေါ်ထပ်သို့တက်အလာမှာ ဤသို့ ရာဇာနှင့်ဆုံတွေ့ခဲ့ရတာကြောင့် ထင်သာ အံ့သြသွားမိရခြင်းပင်ဖြစ်တယ်။ မဟုတ်မှ CEO Linn က ဒီနေရာကို သိနေတာလား... ?

"Boss ဆီလာတာ... "

"အော်.. Boss ဆီလာတာလား? အေးအေး"

ပြန်ပြောလက်စနဲ့ပင် တစ်စုံတစ်ခုကိုသိရှိလိုက်ရပြီး ထင်သာ့မျက်ဝန်းတွေပြုးကျယ်လာရတယ်။

မက်ခွင့်မရှိ (မက္ခြင့္မရွိ)【Completed】Onde histórias criam vida. Descubra agora