မက်ခွင့်မရှိ - 50

831 32 0
                                    

တစ်ခုသောအိမ်ရာဝင်းထဲရှိ အဖြုရောင်မွေ့ရာပြင်ပေါ်၌ ပူးကပ်နေကြသော လူရိပ်နှစ်ခု။

"အား...အာ့"

"......"

"ကျွတ်... အား.......!"

"ဒေးဒေး....ကြားမကောင်းအောင် ညည်းမနေနဲ့!"

ချက်ချင်းလိုပင် လှမ်းဆူလိုက်ပေမဲ့ ဒေးဒေးရဲ့...

"ငယ်... နာတယ်"

မျက်နှာလေးရှုံ့မဲ့ကာဖြင့် မိုးသောက်သံစဥ်ကိုပြောလာသော အသံငယ်လေးကြောင့်၊ ဆက်ပြောမဲ့စကားတွေသည် လည်ချောင်းထဲသို့သာ ပြန်ရောက်ရှိကုန်လျက်၊ အနာသက်သာစေဖို့ရန် နှုတ်ခမ်းစူ၍မှုတ်ပေးဖို့ရန် ပြင်လိုက်သည်။

သို့သော် လုံးထွေးကာစူလာသောထိုနှုတ်ခမ်းပါးက လမ်းတစ်ဝက်မှာတင်၊ တဖက်လူရဲ့ဆွဲငုံခြင်းကိုခံလိုက်ရတယ်။ ကုတင်ပေါ်မှာလှဲထိုင်နေသောဒေးဒေးမှ ခန္ဓာကိုယ်ကိုအနည်းငယ်ကြွလာပြီး၊ သူ့ခါးကိုပွေ့ဖက်လာတယ်။ ထို့နောက် လက်ဖဝါးတစ်ဖက်က ပါးထက်သို့ရောက်ရှိလာပြီး၊ အနည်းငယ်ပွတ်သပ်လာကာ နမ်းနေရင်းနဲ့ပင် ထိုလူ၏ရယ်သံတိုးဖွဖွကို ကြားလိုက်ရသည်။

"မင်း... ! ဘာရယ်တာလဲ?"

တကယ်တော့ ဒေးဒေးလက်မောင်းထက်မှ သေနတ်ဒဏ်ရာသည် အမာရွတ်ရာလေးထင်နေရုံကလွဲလို့ အနာကျက်လို့နေပြီ​။ ဟိုညက ဝိုင်ခန်းထဲမှာ သူတို့ဘယ်လိုတွေသောင်းကျန်းလိုက်မိလို့၊ ဒဏ်ရာက သွေးပြန်ထွက်သွားသည်လဲ မသိရှိတော့ပေ။

ထိုလူလည်ကောင်လေးကို အပြစ်တင်မဲ့အစား၊ ကိုယ့်ကိုယ်ကိုသာ အပြစ်တင်လိုက်ရင်း၊ ဒဏ်ရာထက်မှာ လိမ်းဆေးအနည်းငယ် ပွတ်လိမ်းပေးနေစဥ်၊ နာချင်ယောင်ဆောင်ကာ တအားကုန်အော်ဟစ်နေပြီးတော့၊ သူ့ကိုလှည့်ဖျားကာအနမ်းကိုခိုးယူသူက အမောင်ဒေးဒေး။

"အဟွန်း..."

မိနစ်အတော်ကြာ ကုန်ဆုံးပြီးနောက်မှာတော့ ဒေးဒေးက တိုးဖွဖွရယ်သံတစ်ချက်နဲ့အတူ သူ့ပါးပြင်မှာအုပ်မိုးထားသောလက်ဖဝါးတစ်ဖက်ကို ဖယ်ခွာသွားတယ်။ နူးညံ့သိမ်မွေ့သော်ငြား ရှည်ကြာလွန်းတဲ့အနမ်းကြောင့် မိုသောက် အသက်ရှူသံတွေ မတည်ငြိမ်နိုင်တဲ့ကြားကနေမှ ဖြည်းလေးစွာ သက်ငွေ့ကိုမှုတ်ထုတ်လိုက်၍...

မက်ခွင့်မရှိ (မက္ခြင့္မရွိ)【Completed】Where stories live. Discover now