မက်ခွင့်မရှိ - 30

1.1K 54 12
                                    

လန်ဒန်မြို့

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

လန်ဒန်မြို့...

ဆောင်းရာသီရဲ့နောက်ဆုံးလ ရောက်နေပြီမို့လို့ နှင်းမိုးများကတစ်ဖွဲဖွဲနဲ့။ လမ်းကြိုလမ်းကြားထဲပါမကျန် သစ်ပင်အကိုင်းအခက်ပေါ်တွေမှာပါ နှင်းများကအုပ်ခဲလို့နေသည်။

အချိန်အားဖြင့် ညနေခြောက်နာရီခန့်။ လန်ဒန်မြို့၊ ဆင်ခြေဖုံးရပ်ကွက်ငယ်လေးရဲ့ လမ်းကြားထဲသို့ စက်ဘီးလေးတစ်စီးက ချိုးကွေ့ဝင်လာသည်။ ထိုစက်ဘီးလေးအပေါ်တွင်တော့ ဂျင်းဘောင်းဘီအနက်ရောင်နဲ့အဖြုရောင်ရှူးကိုဝတ်လို့ထားပြီး၊ တီရှပ်ဖြူကိုအောက်ခံထားလို့ မိုးပြာရောင်ဂျင်းကုတ်ကိုဝတ်ဆင်လို့ထားသောလူသား။

ဦးခေါင်းထက်မှာတော့ သိုးမွှေးဦးထုပ်လေးတစ်လုံးကိုဆောင်းထားကာ မျက်မှန်တစ်လက်ကိုတပ်လို့ထားတယ်။ ထိုလူ့ပုံစံအရ တက္ကသိုလ်ကျောင်းသားအရွယ်သာသာလို့ ထင်ရသော်ငြား တကယ်တမ်းကျ အသက်သုံးဆယ့်လေးနှစ်ရှိပြီဖြစ်တဲ့ အမျိုးသားတစ်ဦးပင်။

ဒါပေမဲ့ နှင်းမှုန်တွေကြားထဲမှာတောင် ထိုသူရဲ့ချောမောလွန်းတဲ့ဟန်ပန်က ပျောက်ကွယ်မသွားပေ။ မျက်မှန်အောက်မှာ ဖုံးကွယ်ထားတဲ့ တောက်ပနေတဲ့မျက်ဝန်းတစ်စုံကအစ၊ နှင်းရိုက်ထားလို့အေးစက်နေတဲ့၊ အနီရောင်သန်းနေသောနှုတ်ခမ်းပါးပါးတစ်စုံအထိ အပြစ်ပြောဖွယ်ရာဆိုပြီး တစ်ခုမှမရှိ။

ရှိရင်းအသက်အရွယ်နဲ့ မလိုက်ဖက်အောင်ပင် နုဖတ်ချောမောနေမှုက ဘုရားသခင်ကောင်းချီးပေးထားတယ်လို့ဘဲ ဆိုရလေမလား? သို့တည်းမဟုတ် ဘဝမှာ စိတ်ပင်ပန်းဆင်းရဲစရာတွေ မကြုံတွေ့ခဲ့ရပေလို့များလား?

အသားရောင်က ဖြူဖပ်ဖြူလျော်၊ သို့မဟုတ် နီစပ်စပ်များသာ အတွေ့များတဲ့၊ ဥရောပလူမျိူးများသာအနေများတဲ့ ဤနေရာမျိူးမှာ တွေ့မြင်ရခဲလှတဲ့ရွှေရောင်ဝင်းအသားအရေအရ ထိုလူက အာရှနိုင်ငံသားတစ်ဦးပင်။

မက်ခွင့်မရှိ (မက္ခြင့္မရွိ)【Completed】Where stories live. Discover now