"Jennie နင်ကလဲ
ကျောင်းဖွင့်မှပဲပြန်တွေ့ရတော့တယ်
Jeju သွားသေးတယ်ဆို ငါ့ကိုဟိုကောင်တေ
ပြန်ပြောပြလို့သိရတာ နင်ရှိမှန်းသိရင်
လိုက်ခဲ့ပါတယ် ငါကသူတို့စနေတယ်လို့ပဲထင်နေတာ""အဲ့ကောင်တွေငါ့ကိုတမင်သက်သက်လာဒုက္ခ
ပေးသွားတာပါ
ဘာမှဟုတ်တာလဲမဟုတ်ဘူး""Club မလာတော့လို့လိမ္မာသွားပြီလားလို့"
"လိမ္မာပြနေရလို့ပါ...
မဟုတ်ရင်နောက်တစ်ခါနွားသွားကျောင်း
နေရမှာဆိုးလို့""နွားကျောင်းရတာလား...နွားချီးကြုံးရတာလား"
"ဟား..ဟား..ဟား..."
"ဟယ်လို....."
တစ်ချိန်လုံးမူးပြီးငြိမ်နေတဲ့Soojoo ဆီကအသံ
ကြောင့်သူမတို့စကားဖောင်ဖွဲ့နေရာကလှည့်ကြည့်
လိုက်သည်"ရပါတယ်...မလိုပါဘူး...
မမူးဘူး"မမူးသေးဘူးပြောနေပေမယ့်မူးနေတဲ့Soojoo
ကိုကြည့်ကာသူမတို့တီးတိုးဝေဖန်နေကြသည်"ငါရောက်ထဲကသူမှောက်နေတာ
ဘယ်လိုဖြစ်တာလဲ""မသိပါဘူးဟာ..မေးလို့လဲမရဘူး
အသဲကွဲလာတာပဲဖြစ်မှာပေါ့""ပြောပေးလိုက်စမ်းပါဟာ"
Soojoo လက်ထဲကဖုန်းကိုJohn ကယူပြီး
တစ်ဖက်ကလူကိုစိတ်မပူဖို့ပြောနေသည်
အပြန်လိုက်ပို့ပေးမည်ဟုပြောလိုက်ပေမယ့်
တစ်ဖက်ကဘာပြန်ပြောသည်မသိ
လိပ်စာကိုပြောကာဖုန်းချလိုက်သည်"လာခေါ်မယ်တဲ့...
လိပ်စာပြောလိုက်တယ်
မိန်းကလေးအသံပဲ
ဘာတွေလဲတော့မသိဘူးဟ"ထို့နောက်သူမတို့တွေဟိုရောက်
ဒီရောက်စကားဝိုင်းပြန်ဖွဲ့နေကြသည်"Yah....မစစမ်းပါနဲ့ဆိုဟာ"
"နင်ကလဲသူငယ်ချင်းအချင်းချင်းပဲဟာကို
ဘာဖြစ်နေတာလဲ""John ကလဲဟာမစစမ်းပါနဲ့ Jen အဲ့ကိစ္စ
နဲ့ပတ်သက်ရင်သည်းမခံနိုင်တာသိရဲ့သား
နဲ့အာရုံနောက်တယ်""အဲ့လိုမကြိုက်ရင်ပိုစချင်တာသိတယ်မလား"
"Yah...ဖယ်စမ်းဟာ..."