eight

923 138 10
                                    

"Yah...နင့်ဟာကနည်းနည်းတော့များနေပြီလို့
မထင်ဘူးလား"

"ဘာလဲဟာ..."

"နင့်ရည်းစားကိုပါခေါ်လာပြီးတော့သူ့ကိုဂရုမစိုက်
ပဲနင်ကနေချင်သလိုနေနေတယ်"

"ဘာဖြစ်လဲဟ...ဒီမှာလဲသူမသိတဲ့သူမရှိတာကို
ပြီးတော့စာတွေအရမ်းလုပ်ရလွန်းလို့စိတ်ပြေ
လက်ပျောက်ခေါ်လာတာလေဟာ
ငါကတစ်ချိန်လုံးသူ့နားကပ်နေရမှာလားဟ
သူ့လဲလွတ်လွတ်လပ်လပ်​နေ​စေချင်လို့ပါ
အချိန်ပိုင်းအလုပ်ကလဲရှိသေးတော့သူ့မှာ
နားချိန်ကိုမရှိဘူး"

"ဟဲ့...အဲ့လောက်အလုပ်ရှုပ်တဲ့လူကရည်းစား
ထားပြီးနင့်ကိုအချိန်ပေးနိုင်တာချီးကျူးရမယ်"

Miyeon နှင့် Soojoo စကားပြောနေသည်ကို
အသားဗူးတွေယူလာတဲ့Jen ကြားပေမယ့်
ဘာမှဝင်မပြောပဲမီးဖိုပေါ်သို့အသားပြားတွေကို
တင်ရင်းနားထောင်နေသည်

Jisoo ကိုကြည့်လိုက်တော့​ရေကူးကန်​ဘေးက
ခုံပေါ်မှာလှဲနေပြီးပင်လယ်ကိုကြည့်နေလား
အိပ်ပဲနေလားမသိ
အချိန်ပိုင်းအလုပ်ပါလုပ်​နေသည်ကို​တော့အခုမှ
သိရခြင်းပင်
သူ့အဖေနဲ့အစ်ကိုကမထောက်ပံ့ပဲတော့နေမှာမဟုတ်
သူကိုယ်တိုင်ကိုကဝင်ငွေအပိုရအောင်လုပ်နေသည်
ဟုထင်သည်
ညစာအတွက်သူမတို့အသားကင်ကာအသီးအရွက်
ရေဆေးသူကဆေးနှင့်အလုပ်ရှုပ်နေကြသည်

အသားကင်တဲ့နေရာမှာMiyeon ကလက်လွှဲယူ
လိုက်တာကြောင့်Jen ကအရွက်တွေရေဆေး
လိုက်သည်
သူမကင်တဲ့အသားကိုသာစားရမယ်ဆိုမီးသွေးခဲ
တုံးဝါးနေရနှင့်ထူးမည်မဟုတ်ပေ

"ငါရေသွားချိုးလိုက်ဦးမယ်
ဘာမှလုပ်စရာမရှိတော့ဘူးမလား"

"အင်း...သွားချိုးလေ"

Jen ထိုနေရာကနေဘန်ဂလိုဘက်ပြန်ဖို့ထွက်လာတုန်း

"Soojoo.....လာဦး...ဒီမှာ Jisoo ရေနစ်နေလို့"

"Yah...နင်ကအဲ့တာဆင်းမကယ်ပဲနဲ့"

သူငယ်ချင်းတစ်ယောက်ကအပြေးအလွှားနှင့်
အော်ပြီးပြောတော့Jen သူမကိုပြန်အော်
ကာရေကူးကန်ဘက်ကို
အပြေးထွက်လာမိပြီးJisoo ကိုရှာလိုက်သည်
ရေကန်အလယ်နားလောက်မှာယက်ကန်ယက်ကန်
ဖြစ်နေတဲ့Jisoo ကိုမြင်တော့ဘာမှတုန့်ဆိုင်းမနေပဲ
ရေကန်ထဲခုန်ချကာသူမရှိရာသို့ကူးသွားလိုက်သည်
Jisoo ကိုနောက်ကနေသိုင်းဖက်ကာကန်ဘောင်
နားသို့ပြန်ကူးလာသည်
Jisoo ကန်ဘောင်ပေါ်ရောက်တော့သတိပင်လစ်
နေချေပြီ
Jennie စိုးရိမ်စိတ်ကအဆမတန်မြင့်တက်လာပြီး
Jisoo ပါးကိုလက်ဖြင့်ခပ်စပ်စပ်ရိုက်ကာသတိရ
လာအောင်ကြိုးစားနေပေမယ့်မထူးလာခဲ့
ရင်ဘက်ကိုလက်ဖြင့်ဖိကာရှေးဦးသူနာပြုနည်းဖြင့်
ရေတွေအန်ထွက်လာအောင်ဆက်လုပ်သည်
မရတဲ့အဆုံးနှုတ်ခမ်းချင်းတေ့ကာလေမှုတ်သွင်း
တော့ အနီးနားရောက်နေပြီဖြစ်တဲ့သူငယ်ချင်း
တွေပါးစပ်အဟောင်းသားဖြစ်သွားကြပြီး
Miyeon ကသူမရဲ့ပါးစပ်ကိုလက်ဖြင့်အုပ်ကာ
တအံ့တသြနှင့်ရပ်ကြည့်နေသည်
Soojoo သည်လဲသူမတို့ကိုကြောင်ပြီးရပ်ကြည့်
နေသည်

Han Nam - dong   To    Sanbon - dongWhere stories live. Discover now