🌸1🌸

5.4K 486 95
                                    

(Unicode )

တွေ့ပြန်ပြီ အဲ့ကောင်လေးကို ။

အနက်ရောင်ဆံပင်တွေနဲ့
ဖြူဖြူနုနုကောင်လေး ။

ယူနီဖောင်းပေါ်ဆွယ်တာအဖြူလေးထပ်ဝတ်ထားပြီး အပြာနုရောင်ဘေးလွယ်အိတ်အမြဲလွယ်တတ်တဲ့ကောင်လေး ။

ဂျောင်ဂုတို့အိမ်ရှေ့ကနေဖြတ်ပြီး
ကျောင်းကိုသွားလေ့ရှိတဲ့ကောင်လေး ။

ဝရံတာအပေါ်ကနေမြင်ရတဲ့ပုံစံလေးက
အခန်းထဲမှာခပ်အေးအေးနေတတ်ပြီး
စာတော်တဲ့ကျောင်းသားတစ်ယောက်မှန်း
သိသာလွန်းတယ် ။

ဂျောင်ဂုအပြုံးတစ်ခုနဲ့ထိုလူသားကို
ဟိုးအဝေးကြီးရောက်တဲ့အထိ
ငေးနေမိတယ် ။

သူလေးမြင်ကွင်းကပျောက်သွားချိန်မှာတော့သက်ပြင်းတစ်ချက်ချလိုက်တယ် ။

ခေါင်းထပ်ကငွေမှင်ရောင်ငှက်သိုက်အသွင်
ဆံရှည်များကိုဆွဲဖွရင်း ရေချိုးခန်းထဲဝင်
​မျက်နှာသစ်၊သွားတိုက်လိုက်တယ်။
ပြီးတာနဲ့အောက်ထပ်ဆင်းတော့
မိခင်ရဲ့တီတီတာတာထောမနာပြုသံက
ထုံးစံအတိုင်းကြိုဆိုနေလေ၏ ။

" ဂျောင်ဂုနင်ဘယ်တော့ကျောင်းစတတ်မှာလဲအိမ်ရှေ့မှာ သူများသားသမီးလေးတွေကျောင်းသွားနေပြီ ။ နင်ကအခုထိနေဖင်ထိုးတဲ့ထိအိပ်တုန်း "

ပြောပြီးတာနဲ့ ခေါင်းထိပ်ကဆံပင်ရှည်များကိုခေါက်ဆွဲကိုတူနဲ့ညှပ်သလိုဆွဲပြီး

" ဒီအဖုတ်ကြီးကိုလဲသွားညှပ်ဦး "

" နာတယ် အမေ့ အားးးးး နာတယ်လို့ဆိုဗျာ ! "

ပင်လယ်ရေလှိုင်းသံတွေ
ပြည့်နေတဲ့မြို့ငယ်လေး

ငါးညှီနံ့တွေရောနေသော
ဆားဓာတ်ပါတဲ့လေတွေ
တိုက်ခတ်နေလေ့ရှိတဲ့မြို့ငယ်လေး

အမေ့ဆူသံတွေညံနေတဲ့မြို့ငယ်လေး

ထိုမြို့ငယ်လေးထဲမှာပဲ
တစ်ယောက်သောသူအပေါ်မှာ
ကျွန်တော့်အချစ်တွေ
ပြိုဆင်းသွားရပါတယ် ....

*Evenings of Busan*

ငယ်ငယ်ထဲကဆိုးလ်မြို့မှာနေ
မြို့ပေါ်မှာပဲကြီးပြင်းလာတဲ့
ဂျောင်ဂုလိုကောင်လေးအတွက်
မွေးရပ်မြေဘူဆန်ကသိပ်ပျင်းဖို့ကောင်းပါတယ် ။

ဘူဆန်ရဲ့ညနေခင်းများ(Completed )(Two-shot )Where stories live. Discover now