🌨️2🌨️(2)

3.2K 384 68
                                    

ဝရန်တာကနေမြင်နေရတဲ့
မှုန်ဝေဝေဝန်းကျင်ငယ်က
ဆောင်းဦးရော်ရွက်နီဝါတွေအစား
နှင်းစက်နှင်းမှုန်လေးတွေ
တဖျောက်ဖျောက်ကြွေနေကြပြီ ...
ဒါဟာပထမဆုံးနှင်းဦးပဲ ။

နှင်းတွေကိုမြင်တော့ဟိုးနှစ်တွေတုန်းက
သူတို့အိမ်ရှေ့လမ်းလေးကနေ
နေတိုင်းဖြတ်သွားတတ်တဲ့
အဖြူရောင်ကောင်ငယ်လေးက
ဂျောင်ဂုအာရုံထဲမှာတစ်ဝဲလည်လည်။
ထိုအဖြူရောင်အရိပ်လေးက
သူ့ပိုင်ဆိုင်ရာငယ်ဖြစ်လာခဲ့ပြီး
အခုတော့သူ့အမှားကြောင့်ပဲ
လက်လွှတ်ရတော့မလားမသိနိုင်တဲ့
အခြေအနေရောက်နေခဲ့ပြီ ။

ဘူဆန်ရောက်ရောက်ချင်းပဲ
ဖုန်းထဲကနေကြားလိုက်ရတဲ့
ထယ်ယောင်းရဲ့ဂျီမင်းဆေးရုံတင်ခဲ့ရတယ်
ဆိုတဲ့စကားတစ်ခွန်းကတင်
ဂျောင်ဂုတကိုယ်လုံးကအားအင်တွေ
အကုန်လုံးကိုစုပ်ယူပစ်လိုက်တယ် ။

သူမစဥ်းစားပဲလုပ်လိုက်မိတဲ့
အပြုအမူတစ်ခုကOmegaကို
ထိခိုက်နာကျင်စေခဲ့တယ်။
တစ်သက်လုံးကာကွယ်
စောင့်ရှောက်ပါ့မယ်လို့ကတိပေးထားခဲ့တဲ့
ချစ်သူကိုမှကျောခိုင်းမိခဲ့တဲ့သူ့ကို
ညနေခင်းတွေကတော့လှောင်ရယ်နေတော့မှာပဲ။

နောင်တတွေနဲ့အိမ်ထဲပိတ်နေတဲ့
ဂျောင်ဂုကိုမေမေကလဲစိတ်ပျက်နေပေမဲ့
မွေးထားတဲ့သားဆိုတော့လဲ
မပစ်ပယ်ရက်ဘူး ။
Heatကြောင့်အိမ်ထဲပဲနေနေရတဲ့
သားမက်လေးဆီကိုသွားပြီး
သားမိုက်အစားပြေရာပြေကြောင်း
​စကားလမ်းကြောင်းကြည့်ရတယ် ။

နဂိုအနေအေးပြီးစကားပြောနူးညံ့တဲ့
ဂျီမင်းက ဂျောင်ဂုနာမည်ကြားတာနဲ့
မျက်နှာကိုတစ်ဖက်လွှဲသွားထဲက
သူ့သားအပြစ်အကြီးကြီးလုပ်လိုက်မိပြီ
ဆိုတာဂျောင်ဂုမေမေသိလိုက်ပြီ ။

အဲ့တော့သူမမှဝင်မကယ်ရင်
သေရပါတော့မယ့်သူမသားအတွက်
နေ့တိုင်းမတော်ရသေးတဲ့သားမက်လေးဆီမှာ
ဂျောင်ဂုကဂျီမင်းကိုဘယ်လောက်
ချစ်ကြောင်းအယူခံဝင်ရတော့တာပေါ့။
အသက်ကြီးမှအောင်သွယ်တော်ဖြစ်နေတဲ့
မိမိကိုလင်တော်မောင်က
ခေါင်းတခါခါဖြစ်နေပေမဲ့
သူမဘာတတ်နိုင်မှာလဲ ။
ဂျီမင်းလေးကိုသူမလဲချစ်တယ် ။
သူမတို့မိသားစုထဲကိုဂျီမင်းအစား
ဘယ်Omegaမှဝင်မလာစေချင်ပါဘူး ။

ဘူဆန်ရဲ့ညနေခင်းများ(Completed )(Two-shot )Where stories live. Discover now