☁️2☁️(1)

2.6K 391 136
                                    

"ဂျောင်ဂုတို့အတွဲကငါတို့အထက်တန်းကျောင်းတုန်းကဆိုနာမည်ကြီးပဲဟ သူတို့ကခဲ့တဲ့ရိုမီယို၊ဂျူးလီးယက်ပြဇာတ်ဆိုအခုထိကျောင်းကဂျူနီယာလေးတွေကြားမှာရေပန်းစားတုန်းပဲ "

" ဂျောင်ဂုလိုလူမျိုးက ရိုမီယို၊ဂျူးလီးယက်ပြဇာတ်မှာပါတယ်ပေါ့လေ "

ဟန်ဝူးကမကျေမချမ်းအသံနဲ့ထပြောတယ်။
သူ့ဘေးနားကသူငယ်ချင်းမကတော့
ခေါင်းတငြိမ်ငြိမ့်နဲ့

" အေးလေ ဂျောင်ဂုကဂျီမင်းရှီးကိုအရမ်းချစ်တာကိုး ငါတို့ဌာနတစ်ခုလုံးသိနေတာပဲ "

ဂျောင်ဂုနဲ့ဂျီမင်းမှာကျောင်းချင်း
တောင်မတူကြသော်လည်း
သူတို့ရဲ့အချစ်ဇာတ်လမ်းကတော့
တက္ကသိုလ်ကျောင်းသားလူငယ်တွေကြားမှာ
ရေပန်းစားလှတယ် ။
သူတို့နာမည်တွေကိုလဲမသိတဲ့သူ
မရှိသလောက်ရှားတယ် ။

သိဆို...ဂျွန်ဂျောင်ဂုဆိုတဲ့သူဟာ
သူတို့အနုပညာမေဂျာမှာအရှိန်အဝါ
ကြီးမားလွန်းတဲ့Alphaတစ်ယောက်။
သူ့ကိုတော်ရုံတန်ရုံAlphaတစ်ယောက်ကပင်
မစိန်ခေါ်ရဲလောက်အောင်သန့်စင်သော
Alphaမျိုးရိုးမှဆင်းသက်လာသူဖြစ်တယ်။

နောက်ပြီးသူ့ရဲ့လူငယ်ဆန်တဲ့
ခက်မိုက်မိုက်ဝတ်ပုံစားပုံနဲ့
ချောမောလွန်းတဲ့ရုပ်ရည်ကြောင့်လဲ
ခင်မင်ချင်သူပေါများလှတယ် ။

အဓိကကတော့ဆိုးလ်တက္ကသိုလ်က
ပတ်ဂျီမင်းလို့ခေါ်တဲ့ကောင်လေးတစ်ယောက်
အပေါ်ထားတဲ့သူ့ရဲ့ချစ်ခြင်းတရားနှင့်
မြဲမြံလှတဲ့သစ္စာတရားကြောင့်ပဲ ။

ဂျောင်ဂုနားရည်ရွယ်ချက်တစ်ခုနဲ့
ချဥ်းကပ်လာတဲ့Omegaတိုင်း
သူ့ရဲ့ဂျီမင်းအပေါ်ထားတဲ့
ချစ်ခြင်းတရားကိုမြင်ပြီးတာနဲ့
လက်လျော့လိုက်ကြတာများတယ်။

သို့သော်ထိုပျော့ညံ့တဲ့Omegaထဲ
ဟန်ဝူးတစ်ယောက်တော့မပါဘူး။
သူ ဂျောင်ဂုကိုစချဥ်းကပ်ထဲက
ထိုကောင်လေးလက်ခံနိုင်မဲ့အနေအထားကနေ
ပိုင်နက်ထဲစပြီးဝင်လာခဲ့တာဖြစ်တယ် ။

အဲ့ဒါကတော့ထိုကောင်လေး၏
အခင်မင်ရဆုံးသူငယ်ချင်းတစ်ယောက်အနေနဲ့ ။

ဘူဆန်ရဲ့ညနေခင်းများ(Completed )(Two-shot )Where stories live. Discover now