Part- 11

11.9K 1K 8
                                    

"The Queen Hatred His Empire King"

Part- 11

For unicode

"လျှောက်တင်စရာရှိသေးလား"

တိတ်ဆိတ်နေသောညီလာခံတွင်အရှင်မင်းကြီးအသံတစ်သံသာဟိန်းထွက်လာသည်။အမတ်တွေတစ်ယောက်မှအသံမထွက်ဝံကြ။ဒီတစ်လနှစ်လအတွင်းအရှင့်စိတ်ကြောင့်ညီလာခံချိန်တိုင်းအမတ်ကြီးတွေခမျာဗုံးမိထားသလိုခံစားနေရရှာသည်။ညီလာခံချိန်ပြီးမှအသံရှူဝသွားသလိုခံစားရသည်။အရှင်ကလည်းအခုတလောအလုပ်တွေသိမ်းကုန်းလုပ်နေသည်။သူတို့လည်းအရမ်းပင်ပန်းလှပေသည်။

ထိုအချိန်တွင်ရဲရင့်သောအမတ်တစ်ဦးကမဝံ့မရဲလျှောက်တင်သည်။

"အရှင်...
မွန်ဂိုပြည်ကကမ်းလှမ်းတဲ့အပေးအယူကိုလက်ခံသင့်ပါတယ်
မွန်ဂိုမင်းသမီးလေးကလည်းအရမ်းလှတယ်လို့ကြားမိပါတယ်"

"ရဲတင်းလိုက်တာ!!"

မင်းကြီးအသံနဲ့အတူသဝန်လွှာလိပ်ကထိုအမတ်ကြီးမျက်နှာတည့်တည့်ကိုထိမှန်သည်။

ဖေါင်း..

"အား!!"

"မောင်မင်းကကိုယ်တော့်သဘောထားကိုဖီဆန်ချင်နေတာဘဲ
ကိုယ်တော့်နန်းသွေးနဲ့ကြင်ယာတော်ပျောက်နေတာတောင်မှဘဲကိုယ်တော်ကနောက်ထပ်မိဖုရားမြှောက်ပြီးပျော်ပါးနေရမှာပေါ့...
အဲ့လိုလား.."

"မဟုတ်...မဟုတ်ရပါမင်းကြီး
ခွင့်လွှတ်ပေးတော်မှုပါ
ကျွန်တော်မျိုးရဲတင်းမိပါတယ်
ခွှင့်လွှတ်ပေးတော်မှုပါ"

"ညီလာခံသိမ်းမယ်"

အရှင်ကဝတ်ရုံစကိုခါပြီးထွက်သွားမှအမတ်တို့အသက်ရဲရဲရှုရဲကြတော့သည်။

"ဟင်းးး..."
.
.
.
.

"အရှင်မင်းကြီးကိုဂါဝရပြုပါတယ်"

"သတင်းထူးလားရန်ရှင်း"

"ကျွန်တော်မျိုးတို့ဟန်ကျိုးမြို့နဲ့တုံဟန်းမြို့တစ်ဝိုက်ဆက်ရှာနေပါတယ်မင်းကြီး
သူတို့နှစ်ယောက်ပုံတွေလည်းနေရာအနှံကပ်ထားပါတယ်
တွေ့တဲ့သူကိုဆုတော်ငွေအများအပြားပေးမယ်လို့လည်‌းကြေငြာထားပါတယ်"

"The Queen Hatred His Empire King" (COMPLETED)Where stories live. Discover now