Part- 16

12K 1K 11
                                    

"The Queen Hatred His Empire King"

Part- 16

For unicode

"အရမ်းလှတာဘဲသခင်လေး"

ဒီနေ့ကနန်းတွင်းကိုဝင်ရတော့မဲ့နေ့မို့လို့အရှင်ကသူမကိုသခင်လေးကိုပြင်ဆင်ဖို့တာဝန်ပေးထားသည်။သူမတို့အရှင်သခင်လေးကိုတခြားလူတွေနဲ့စိတ်မချဘူးဆိုတာသူမသိသားဘဲ။သခင်လေးကိုရေနွေးနဲ့တကြိမ်ရေချိုးစေပြီးနောက်ဆုံးတကြိမ်နွားနို့နဲ့ရေချိုးစေသည်။ရေချိုးပြီးသွားတော့သခင်လေးအသားအရည်ကနဂိုထက်နှစ်ဆချောမွေ့သွားသည်။

ရေချိုးပြီးစသခင်လေးကိုကြည့်ပြီးသူမအတော်လေးအားကျမိသည်။သခင်လေးမှာသူမတို့လိုအားဗလတွေမရှိ၊သိုင်းပညာတွေမရှိ၊ပညာအရည်ချင်းတွေမရှိ။သို့သော်လည်းပြည့်ရှင်မင်းကိုတောင်သေဆိုသေ၊ရှင်ဆိုရှင်လုပ်နိုင်သောအလှတရားတွေရှိသည်။ပြီးတော့ယောက်ျားလေးဖြစ်ရက်နဲ့တောင်မိုးနတ်မင်းကချစ်စရာသားတော်လေးတစ်ပါးကိုချီးမြှင့်ခဲ့သည်။

အစက်အပျောက်ကင်းသောမျက်နှာ၊သွေးရောင်လွှမ်းသောနှာခမ်းပါးကိုလည်းဘေးနားကမှဲ့လေးတစ်လုံးကပိုပြီးပနံသင့်စေသည်။ခေါင်းလျှော်ပြီးကာစမို့ဖြောင့်စင်းနေသောဆံနွယ်ရှင်များ။အို..ဘာလို့အဲ့လောက်လှရက်ရတာလဲ။

အရှင်ချစ်မြတ်နိုးတာလည်းပြောမနေနဲ့တော့။သူမတို့သခင်လေးကအချင်းရော၊အဆင်းပါပြည့်စုံလှသည်။စိတ်ထားလည်းမွန်မြတ်သည်။သူမအတွေးနဲ့သူမမို့ရှောင်ဝူမျက်နှာကတစ်ပြုံးပြုံး။သူမတို့အရှင်နဲ့သခင်လေးဟာမိုးနတ်မင်းကိုယ်တိုင်ကောင်းချီးပေးထားတဲ့စုံတွဲတွေ။အရှင့်ရဲ့အချစ်တွေကြောင့်သခင်လေးအမျက်တွေလျော့သွားလိမ့်မယ်လို့သူမမျှော်လင့်သည်။

"ရှောင်ဝူ
ဘာတွေပြုံးနေတာလဲ"

"သခင်လေးအရမ်းလှလို့ပါ"

"ကျွန်တော်နည်းနည်းကြောက်နေတယ်ရှောင်ဝူ"

"ရှောင်ဝူတော့သခင်လေးနန်းတွင်းကိုပြန်လာလို့အရမ်းဝမ်းသာမိတယ်
ရှောင်ဝူရဲ့မင်းသားလေးကအိမ်ရှေ့စံဘဲဖြစ်ရမှာ"

"The Queen Hatred His Empire King" (COMPLETED)Where stories live. Discover now