Final part🙂

16.9K 1K 38
                                    

"The Queen Hatred His Empire King"

Final part - 28

For unicode

"အရှင်..တကယ်ဘဲလိင်တူလက်ထပ်ခွင့်ကိုခွင့်ပြုလိုက်ပြီလား"

"ဟဟ..စုစုလေးကတကယ်ပျော်နေတာဘဲ"

စုစုလေးကအရှင့်လက်ထဲမှာခုန်ပေါက်နေသည်။ပါးစပ်သေးသေးလေးကလည်းတခစ်ခစ်ရယ်နေလျက်၊သရေစီးကြောင်းကပါးစပ်ကနေတစက်စက်ယိုစီးကျနေတယ်။အရှင့်ကစုစုမေးနားမှာပေနေတာတွေကိုသူ့ဝတ်ရုံစနဲ့ပွတ်သုတ်လိုက်တယ်။

"အရှင်လို့.."

"အင်း"

"ညီလာခံမှာအမတ်တွေနဲ့အချေတင်မဖြစ်ဘူးလား"

"သူတို့ကကိုယ်တော့်ကိုအာခံဖို့သတ္တိရှိပါ့မလား"

"ဒါပေမယ့်လေ.."

"ကိုယ်တော်ကိုယ်တိုင်ကဝတ်ရုံလက်ပြတ်ဖြစ်နေပြီးပြီလေ
သူတို့ဘာပြောဝံ့တော့မှာမို့လဲ"

"ပြည်သူတွေကအဲ့ဉပဒေကိုလက်ခံပါ့မလား"

"ကိုယ်တော်လက်ထဲမှာဒီကိစ္စကိုမဖြေရှင်းနိုက်ခဲ့ရင်သားတော်လက်ထဲမှာပိုပြီးအခက်တွေ့လိမ်မယ်
လိင်တူနှစ်သက်သူတွေကလည်းပျော်ရွှင်ဖို့ထိုက်တန်ပါတယ်ကျန့်ရယ်
သူတို့ကိုဘယ်သူကမှမထောက်ခံပေးရင်တောင်ဒီဘုရင်မင်းမြတ်တစ်ပါးကတော့လက်ခံပေးနိုင်တယ်ဆိုတာသူတို့သိသွားလိမ့်မယ်
ကိုယ်တော်ကိုတောင်ပိုပြီးထောက်ခံပေးကြလိမ့်မယ်
သားတော်လက်ထဲမှာလည်းဆူပူမှုဖြစ်မှာမစိုးရိမ်ရတော့ဘူး
ကိုယ်တော်လက်ထက်မှာအကုန်ဖြေရှင်းသွားချင်တယ်"

"ဘူ..ဘူ"

စုယွီလေးကပါးစပ်ကပူစီဖောင်းတွေကိုတစ်ဘူဘူမှုတ်ထုတ်နေတယ်။ပြီးတော့သူ့ဘာသူတစ်ခစ်ခစ်ရယ်တယ်။ပါးဖောင်းဖောင်းလေးနှစ်ဖက်ကနီရဲပြီးဖွေးဉနေတယ်။သူ့သား‌ေတာ်ရဲ့မျက်လုံးတောက်တောက်တွေကလည်းဘယ်လောက်အပြစ်ကင်းလိုက်လဲ။လက်တစ်ဆုတ်စာတောင်မရှိတဲ့ခြေဖဝါးသေးသေးလေးတွေကလည်းနီရဲပြီးဖောင်းကြွနေတယ်။ရိပေါ်ခြေဖဝါးသေးသေးလေးကိုအသည်းယားလို့နှာခေါင်းနစ်ဝင်သွားအောင်နမ်းလိုက်တယ်..

"The Queen Hatred His Empire King" (COMPLETED)Where stories live. Discover now