Part- 14

12.5K 1K 16
                                    

"The Queen Hatred His Empire King"

Part- 14

For unicode

"ပ..ချိုချို"

"တျဲတျဲရှိတယ်..မဆိုးရဘူးလေ"

အချိန်ကားလူတိုင်းအိပ်နေတဲ့အချိန်။ရှောင်ဝူကမိန်းကလေးတစ်ယောက်တည်းမို့အခန်းလည်းအပိုမရှိတာကြောင့်ရွာထဲမှာသွားအိပ်သည်။ကျန်အခန်းထဲမှာကိုယ်ရံတော်နှစ်ယောက်ကိုနေရာပေးထားသောကြောင့်သူတို့အခန်းထဲမှာဝမ်ရိပေါ်ရယ်၊သူရယ်ရှောင်ယွီရယ်သုံးယောက်တည်း။

ရှောင်ယွီကရှူးပေါက်ချတတ်သေးသောကြောင့်အလယ်မှာမသိပ်ဘဲဟိုဘက်ဘေးမှာသိပ်သည်။သူရှောင်ယွီဘက်ကိုစာင်းအိပ်တာတောင်သူ့လည်ပင်းနားကအသက်ရှူသံနွေးနွေးကိုခံစားမိသည်။အဲ့ဒါကဘယ်လောက်တောင်မြန်နေလိုက်လဲ...။ရှောင်ယွီကိုရှူးတည်ပြီးပြန်သိပ်တော့ထိုကလေးကအရင်နေ့တွေအတိုင်းသူ့ကိုပူဆာပြန်သည်။

"ချိုချိုလို့..."

ဘေးနားကဝမ်ရိပေါ်နိုးသွားမှာစိုးလို့သားဖနှစ်ယောက်ခပ်တိုးတိုးပြောနေရသည်။

"သားကိုပါးဘာပြောထားလဲ
လူကြားထဲမတောင်းဆိုရဘူးလို့မပြောထားဘူးလား"

"တျဲအိပ်နေယေလေ.."

ဝမ်ရိပေါ်ဘက်လှည့်ကြည့်လိုက်ပြီးအိပ်နေတာသေချာတော့မှရှောင်ယွီလေးကိုရင်ခွင်ထဲသွင်းလိုက်သည်။

'ပြွတ်'

''ရှူး...
အသံမထွက်စေနဲ့လေ"

ပြီးတော့သူ့လည်ပင်းနားကအသက်ရှူသံပိုပြင်းလာသည်။ရှောင်ယွီလေးပြန်အိပ်ပျော်သွားတော့မှသူအနေအထားကိုပြန်ပြင်လိုက်သည်။ဝမ်ရိပေါ်ဘက်ကိုလှည့်မိတော့မျက်လုံးချင်းဆုံမိသည်။ဘယ်ကတည်းကနိုးနေတာလဲ...။ဆီမီးခွက်ကိုမှုတ်လိုက်တော့အခန်းကလုံးဝတိတ်ဆိတ်သွားတော့သည်။

"နို့ထွက်တာလား..."

"......"

"အ...ခင်များ"

သူပြန်မဖြေတော့သူ့အင်္ကျီထဲလက်လျိုဝင်လာပြီးသူ့ချယ်ရီသီးလေးကိုလာဆိတ်သည်။

"ခင်များဘာဖြစ်နေတာလဲလို့..."

"နို့ထွက်တာလားလို့မေးနေတယ်လေ"

"The Queen Hatred His Empire King" (COMPLETED)Where stories live. Discover now