𝕾𝖊𝖛𝖊𝖓

854 142 7
                                    

.unicode.

ဆဌမအာရုံဟု ဆိုရလေမလား။ မသိစိတ်၏တုံ့ပြန်မှုဟုဆိုရလေမလား။ သူကိုယ်တိုင် သို့မဟုတ် သူအနီးရှိလူများတစ်စုံတစ်ခု မဖြစ်ခင် Sunghoon ကကြိုသိနေတတ်တာမျိုး ငယ်စဥ်ကတည်းကရှိခဲ့သည်။

ဥပမာ သူ့မိခင်မဆုံးပါးခင်ည၌ သူတစ်ညလုံးအိပ်မပျော်ဖြစ်ခဲ့သည်ကိုမှတ်မိသေးသည်။ တစ်ညလုံး အတွေးနယ်လွန်လျက် ငယ်ရွယ်ခဲ့ပါသော သူ့နှလုံးသားကဖြေစရာမရှိအောင်လောင်မီးကျခဲ့ရသည်။ သည့်နောက် မနက်ခင်း သူ့မိခင်၏အသက်ဝိညာဥ်ကင်းမဲ့နေသောရုပ်အလောင်းကိုမြင်ရလျှင် မြင်ရချင်း သူရုတ်တရတ်မငိုနိုင်ပဲ မိနစ်အချို့ကြာအောင် ကြောင်အ ကာနေခဲ့သေးသည်။

နောက်ဆုံး အထိန်းတော်ကြီး၏ထွေးပွေ့မှုအောက်မှာမှ သူပြိုလဲခဲ့ရပြီး။

သူ့ဖခင်ကသူ့ကိုတစ်ချက်မျှပင်လှည့်မကြည့်ခဲ့သည်ကိုလည်း သူကောင်းကောင်းကြီးမှတ်မိနေပါသေးသည်။ အေးစက်စက်ကျောပြင်ကြီးကိုသာ Sunghoon ကိုတွေ့မြင်ခွင့်ပေးခဲ့ပြီး အဆင်ပြေရဲ့လား ဟုပင်တစ်ခွန်းမမေးခဲ့ပဲ။

ယခုလည်း အိပ်ရာတွင်လှဲနေရင်း Sunghoon အိပ်မပျော်နိုင်ဖြစ်နေရသည်။ နဖူးပေါ်လက်တင်ရင်း ရှေးဟောင်းနှောင်းဖြစ်များကို စဥ်းစားနေကာ သက်ပြင်းဘယ်နှကြိမ်ချမိမှန်းပင်မရေတွက်နိုင်တော့။

ဒီညတွင်တော့ အေးစက်စက်အိပ်ရာထက် သူတစ်ဦးတည်းသာ။ Jay ကတော့ သူ့အဒေါ်နှင့်စကားအချို့ပြောပြီးပြီမို့ အိပ်နိုင်သွားလိမ့်မည်ဟုထင်မိသည်။

မည်သို့ဆိုစေ မနက်ဖြန်၌ပြင်ဆင်စရာရှိသည်ကိုပြင်ဆင်ပြီး နေမဝင်ခင်အချိန်တွင်း အကာအကွယ်အပြင်ဘက်ဒေသကို သွားရမည်ဖြစ်၍ ကြိတ်မှိတ်အိပ်ရန်ကလွဲပြီးမရှိ။

မျက်လုံးတွေကို မှိတ်လိုက်ရင်း လောကနှင့်အဆက်ပြတ်အောင် အတင်းအကြပ်လုပ်ယူကာ။ အဆတ်မပြတ်လှုပ်ရှားနေပါသောရင်ဘတ်ကို တည်ငြိမ်စေရင်း။

မိုက်ခနဲ အိပ်ပျော်သွားချိန်။

တကယ်တမ်း သူကသူ့ကိုယ်သူ အိပ်ပျော်နေသလားဟုပင်မသေချာပေ။ သူ့နားမှတစ်ဆင့် ပုံမှန်မဟုတ်သောအသက်ရှူသံပြင်းပြင်းတွေကိုအဆက်မပြတ်ကြားနေရသည်။ သိပ်ကိုပုံမှန်မဟုတ်လွန်း၍ လူသတ္တဝါ၏အသက်ရှူသံမှဟုတ်ပါရဲ့လားဟု Sunghoon ကိုတွေးမိစေသည်။ သို့သော်လည်း ထိုသို့တွေးရုံအပြင်ဘာမျှလုပ်၍မရပါပေ။

𝐃𝐚𝐮𝐧𝐭𝐥𝐞𝐬𝐬 /jayhoon/ Where stories live. Discover now