𝕿𝖊𝖓

897 151 22
                                    

.unicode.

ချိန်းကနဲမြည်သံနှင့်အတူပတ်ဝန်းကျင်တစ်ခုလုံးလင်းထင်းသွားသည့်နောက် Jay သူ့ခန္ဓာကိုယ်ကိုတတ်နိုင်သမျှကြုံ့ထားလိုက်မိသည်။ သူ့လက်ထဲရှိယိုင်နဲ့နဲ့ထီးအဝါကတော့ လေပြင်းနှင့်အတူယိမ်းထိုးနေသည်။
ထီးရွက်အစွန်းပိုင်းလေးတွေကလန်စပြုနေပြီး မကြာခင်မှာပဲတစ်စစီပြုတ်ထွက်သွားတော့မည့်သယောင်။

လက်ကိုင်ကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း အေးစက်ထုံကျင်နေသည့်ခြေချောင်းလေးတွေကိုအားပြုကာရှေ့ဆက်လျှောက်ဖြစ်သည်။ သူအခုလေးတင်ပဲ သလဲပင်တန်းတွေကိုကျော်လွှားလာခဲ့ခြင်းဖြစ်သည်။ လောလောဆယ်တော့ ပန်းပင်တွေကိုသာတွေ့လာရရင်း ရဲတိုက်ဝန်း၏အတွင်းပိုကျလာသည့်ဘက်ဆီ ဦးတည်၍လျှောက်မိသည်။

အမိုးအကာသေးသေးလေးဆိုရင်တောင်မှပဲ သူ့အတွက်ဖြစ်ပါသည်။ မိုးရေအေးအေးနှင့် လေပြင်းထန်ထန်၏ရိုက်ခတ်မှုကြောင့်အေးစက်တောင့်တင်းစပြုလာသည့်ခန္ဓာကိုယ်က ထိုခဏတွင်ခိုနားစရာတစ်ခုကိုအလိုလိုတောင့်တသည်။

သူ့မိခင်လည်းသူ့အနားမှာမရှိတော့သလို သူ့အဒေါ်ဖြစ်သူ Veronica ဟာလည်းသူ့ကိုသည်ရဲတိုက်ကြီး၌တစ်ဦးတည်းထားခဲ့လေပြီဖြစ်သည်။ အိပ်စရာနေရာလေး။.. တစ်ခုတည်းပါပဲ။

သူ့ကိုမလိုလားဟန်ပြနေခဲ့သည်
ညကောင်းကင်လိုနက်ရှိုင်း၍ကြည်လင်သည့်မျက်ဝန်းတွေကိုသူမရည်ရွယ်ပါပဲသတိရနေမိသော်ငြား။ ထိုသည်ကအဆန်းမဟုတ်တော့။ လူတိုင်းကသူ့ကိုရွံရှာသလိုမျိုးကြည့်နေခဲ့ကြသည်မှာသူ့ဘဝတစ်လျှောက်လုံး။

ထိုသူတွေထက်စာလျှင်တော့ သည်အကြည့်တွေကမှနူးညံ့သေးသည်ဟုဆိုရလေမည်လား။ ဝေါခနဲတိုက်လာသည့်ရုတ်တရတ်လေပြင်းကြောင့် ထီးလက်ကိုင်ကိုပိုမိုဆုပ်ကိုင်လိုက်ပါရင်းကမှ လန်ထွက်သွားသောအရွက်များ။ သူကြောင်ကာကြည့်နေမိသည်မှာ တစ်အောင့်လောက်ကြာသည်။

ဘေးဘီဝဲကြည့်လေတော့ တဝေါဝေါရွာသွန်းနေပါသောမိုးရေစက်ကြီးများနှင့် ခပ်အုံ့အုံ့အပင်အချို့တို့သာ။ တစ်နေရာတွင်သူ့မျက်စိရပ်နားသွားရာက တုတ်တိုင်နှင့်ထောက်ထားရလောက်အောင်ယိုင်ကျနေပါသော အပင်အိုကြီးတစ်ပင်။ Jay လက်ထဲမှထီးကိုကိုင်ကာထိုသစ်ပင်ဆီ ပြေးသွားလိုက်မိသည်။

𝐃𝐚𝐮𝐧𝐭𝐥𝐞𝐬𝐬 /jayhoon/ Where stories live. Discover now