MADAM Ep.1 🌼

19.6K 691 108
                                    

Fic တွေက ခုမှ ပြန် Publish တာဆိုတော့
Reading Lists name လှလှလေးတွေထဲ ပြန်
ထည့်ပေးကြပါဦး 😢😢😢

______________

🦋 ~ အချစ်စစ်မှန်ရင် ဆုံစည်းရမှာပါ ~  🦋

(Zawgyi)

South Korean နိုင်ငံမှာရှိတဲ့
YG Entertainment အောက်က လက်ခွဲ
Company နှစ်ပတ်လည်အခမ်းအနားရှေ့တွင်
ပြောင်နက်နေတဲ့ Kia အနက်ရောင်ကားတစ်စီးထိုးရပ်သွားပြီး

ကားပေါ်မှ ဆင်းလာတဲ့ ခြေထောက်တစ်စုံမှာ
အနက်ရောင် ဒေါက်မြင့် လှလှလေးကို ခြေထောက်ဖြူဖြူလေးနဲ့
လိုက်ဖက်စွာ ဝတ်ထားပြီး အနက်ရောင် Dress နဲ့
Chennel လက်အိတ် အနက်ရောင်ကို ဝတ်ဆင်ထားသည် ။

သူမတစ်ကိုယ်လုံး အနက်တွေသာဝတ်ဆင်ထားသော်လည်း
Brand တံဆိပ်တွေသာသုံးထားသည့်အတွက် သူမပုံစံက
တောက်ပြောင်နေလှသည် ။

Company အထဲထိ ဝင်မသွားဘဲ
အပြင်ကနေသာ ရပ်ကြည့်နေကာ
မျက်မှန်ချွတ်လိုက်တဲ့ အချိန်မှာတော့ စူးရှ
တောက်ပနေတဲ့ မျက်ဝန်းတစ်စုံကဟာ
Company အတွင်းသို့  မှန်အပြင်ကနေသာ
စိုက်ကြည့်နေခဲ့သည် ။

------

Chaeyoung တစ်ယောက် ရှေ့လျောက်လိုက်
နောက်လျောက်လိုက်ဖြင့် နာရီကိုငုံ့ကြည့်လိုက်
Lisa ဆီ ဖုန်းခေါ်လိုက်ဖြင့်သာ စိတ်တွေ လောနေမိတယ် ။

" Ahh !! သူဘယ်မှာပါလိမ့် "

ထိုအချိန်တွင် Lisa Appa ဘေးနားရောက်လာပြီး

" Lisa ဘယ်မှာလဲ ? "

" Chaw လည်း ဖုန်းဆက်နေတာ မကိုင်ဘူး
daepyonim အစည်းအဝေးမပြီးသေးလို့ပဲလားမသိဘူး "

" သူလာရင် အထဲသာခေါ်ခဲ့လိုက်တော့ ဝင်နှင့်တော့မယ် "

" Nae daepyonim "

Company မှန်အပြင်ကနေ ရပ်ကြည့်နေတဲ့
မျက်ဝန်းတစ်စုံဟာ အမျိုးသားတစ်ဦးကို မြင်လိုက်သည့်
အချိန်မှာတော့ နားထဲတွင် ပြန်ကြားယောင်မိသည့်
အသံတွေကြောင့် လက်ထဲက မျက်မှန်ကို
ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် ထိုနေရာမှ လှည့်ထွက်တော့ .....

" Ahh "

Lisa နာရီငုံ့ကြည့်ရင်း အလောတကြီး
Company တွင်းသို့ ပြေးအဝင်
ဘယ်ကထွက်လာမှန်းမသိတဲ့ အမျိုးသမီးနဲ့ဝင်တိုက်ကာ
ယိုင်သွားတဲ့ ခန္ဓာကိုယ်လေးကို ခါးကနေ
အလျင်အမြန်လှမ်းဆွဲလိုက်ရင်း .....

MADAMWhere stories live. Discover now