ဇာတ်သိမ်း

1.2K 64 11
                                    

စာအုပ်ထဲမှာပဲပါတဲ့ နောက်ဆုံးပိုင်းလေးကို
စာအုပ်မထွက်သေးခင်ကြားထဲ ပြန်တင်ပေးသွားပါမယ် ။။

ဒုတိယအကြိမ်ထုတ်တဲ့ Cover နဲ့ Bm,Pc ကို
မျှော်နေကြဦးနော် >< ဒီရက်ပိုင်းထဲလာပါမယ် ဒုတိယအကြိမ်ကိုလဲ စိတ်တိုင်းကျစေရမယ် .

( Zaw )

အခန်းထဲ အလောတကြီးပြေးဝင်ကာ
အံဆွဲကိုဆွဲဖွင့်တော့ သော့လေးတစ်ချောင်း
သာရှိနေသည် ။ သော့ကိုယူကာ
အိပ်ရာဘေးက ပန်းချီကားကို
ဖယ်ဖို့ကြည့်လိုက်တော့ သူ့အရပ်ထပ်
မြင့်မားနေပြီး ဘယ်လိုဖယ်ရမယ်ဆိုတာ မသိ ။



အရင်က သတိမထားခဲ့မိလို့ပဲလားမသိပေမယ့်
ဒီပန်းချီကားချပ်ကြီး ဒီလောက်ကြီးရှိနေလိမ့်မယ်လို့
သတိမထားခဲ့မိတာ အမှန် ။ သူ့အင်အားလေးနဲ့
ဖယ်လိုက်ဖို့လဲ မဖြစ်နိုင်တာကြောင့် Jennie
အော်ငိုချင်သွားရတယ် ။



ပန်းချီကားကို ဖယ်ဖို့ဘာရယ်မဟုတ်
တွန်းလိုက်ကာမှ ပန်းချီကားချပ်ကြီးက
စာအုပ်စင်ကြီးနောက်ထိ ရွေ့သွားကာ
တံခါးပေါက် ပေါ်လာတာကြောင့်
Jennie အထာပေါက်သွားတယ် ။ တံခါးကို
သော့ဖွင့်ဖို့ လက်တွေတုန်ယင်ကာ အပေါက်နဲ့
သော့တံနဲ့ ချော်ထိုးမိနေလေသည် ။


သော့ပွင့်သွားတဲ့ ချလောက်ဆိုတဲ့အသံနဲ့အတူ
Jennie ဆွဲဖွင့်လိုက်ဖို့ ရင်တွေတုန်နေခဲ့တာအမှန် ..... ။


ဝင်ဝင်လိုက်ခြင်းမှာ ရင်ထဲအေးခနဲဖြစ်သွားကာ
ဘေးဘီဝေ့ကြည့်မိတော့ အခန်းတစ်ခန်းလုံးက
ဆေးအဖြူလေးသုပ်ထားပြီး စင်လေးတစ်ခုပေါ်မှာ
ဒေစီအိုး သုံးအိုးကို စီတန်းကာ တင်ထားတယ် ။


အဖြူ ၊ အညို ၊ အဝါ
တစ်အိုးတစ်ရောင် စိုက်ထားကာ
စင်ထောင့်မှာ လီလီ့ဂစ်တာ အဝါလေးထောင်ထားသည် ။



စင်ထောင့်လေးမှာ ဖန်ပုလင်းရှည်လေးနဲ့
ထည့်ထားတဲ့ ဒေစီလေးကတော့ တစ်ပွင့်ထဲကို
လှလှပပနဲ့ ပွင့်နေခဲ့သည် ။ အလှဆုံးတစ်ပွင့်ကို
မညိုးမနွမ်းအောင် ဆေးစိမ်ကာ ဖန်ပုလင်းနဲ့
လုပ်ထားပုံရတာကြောင့် Jennie သက်ပြင်းရှည်ကြီး
ဆွဲချလိုက်မိတယ် ။


MADAMWhere stories live. Discover now