🦋 ~ အချစ်စစ်မှန်ရင် ဆုံစည်းရမှာပါ ~ 🦋
(Zawgyi)
" မြန် ... မြန် မြန်လုပ် တို့ အပြင်မှာပဲ စောင့်နေမယ် "
" Nae "
အခန်းထဲကနေ လှစ်ခနဲ ပြန်ထွက်ပြေးသွားတဲ့
မဒမ့်အား လီဆာ သဘောကျစွာ ရယ်လိုက်မိတယ် ။မလုံမခြုံဖြစ်နေတဲ့ မိမိက မရှက်ရဘူး
မဒမ်က ရှက်နေလိုက်တာမှ ...... ။Lisa ပေါ့ပေါ့ပါးပါး အင်္ကျီလဲကာ မျက်နှာကို
တိုနာလေးသာ လိမ်းပြီး ဆံပင်ကို အပြန့်သား
ဖြည်ချပြီး အခန်းပြင်ထွက်လာခဲ့လိုက်တယ် ။" ရပြီ သွားမယ်လေ မဒမ် "
" လီလီ တို့ကားကိုပဲ မောင်းလိုက်လေ "
" Nae "
.......
ညစာစားပြီး ပြန်လာတော့ ......
" လီလီ Mini Mart ရှေ့မှာ
ခဏရပ်ပေးနော် တို့ ဝယ်စရာလေး ရှိလို့ "" Nae "
Lisa Mini Mart ရှေ့မှာ
ကားလေးဖြေးညှင်းစွာ ရပ်လိုက်ပြီး" မဒမ် ကားပေါ်မှာလဲနေလေ
ကျွန်မသွားဝယ်ပေးမယ် ဘာလိုချင်တာလဲ ပြောလေ ..... "" ရပါတယ် တို့ပဲ သွားလိုက်မယ် လီလီ ကားပေါ်က
ဆင်းနေလိုက်ဦးလေ ကားမောင်းလာတော့ ညောင်းနေမှာပေါ့ "" Nae "
Lisa တစ်ယောက် Jennie နဲ့အတူ ကားပေါ်က
လိုက်ဆင်းပြီး Mini mart အထဲဝင်သွားတဲ့မဒမ့်ကို
အပြင်က လှမ်းကြည့်နေရင်း အပြုံးတို့က မရပ်တန့်နိုင် ။။။ဒီရက်တွေမှာ မဒမ်နဲ့အတူရှိနေရရင် စိတ်တွေက
အလိုလို ပျော်ရွှင်နေတတ်တာကို လီဆာသူ့ကိုယ်သူ
သတိထားမိပါတယ် ။ရုတ်တရက် လမ်းထဲကို ကားဟွန်းတီးပြီး လီဗာစွတ်နင်းဝင်ချတဲ့
ကားသံကြားလိုက်ရသဖြင့် နောက်သို့ လှည့်ကြည့်မိတော့
ထိုကားမှာ သူ ရှိရာကို တန်းတန်းမတ်မတ်ကို
မောင်းလာသဖြင့် Lisa ကြောင်ကြည့်နေမိတယ်" လီလီ !! " ဆိုတဲ့ အသံနဲ့အတူ
နောက်ကနေအတွန်းခံလိုက်ရသဖြင့်
Lisa မှာ ဟပ်ထိုးလိုက်၍ ရှေ့သို့ လဲကျ သွားရသည် ။
YOU ARE READING
MADAM
Fanfictionမုန်းတီးခြင်း ဆိုတာလည်း ချည်နှောင်မှုတစ်ခု ☆☆ ✿ ✿ ✿ ✿ ✿ ✿ ✿ ဒေစီတွေက နွေဦးမှာ ပွင့်တယ် မဒမ် ။ မဒမ်က ဒေစီဆို လီလီက နွေဦးဖြစ်ခွင့်ရချင်တယ် ။ ____________________ မုန်းတီးခြင်း ဆိုတာလည်း ချည်နှောင်မှုတစ်ခု ☆☆ ✿ ✿ ✿ ✿ ✿ ✿ ✿ ဒေစီတွေက နွေဦးမှာ ပွင့်တယ်...