MADAM Ep.8 🌼

2.3K 260 28
                                    

🦋 ~ အချစ်စစ်မှန်ရင် ဆုံစည်းရမှာပါ ~ 🦋

(Zawgyi)

Jisoo ဆေးရုံထဲရောက်တော့ ကောင်တာကို
မေးပြီး Jennie ရှိတဲ့ အခန်းကို တက်လာခဲ့လိုက်သည် ။

" ပေါက်ကျော်မ ဒါက ဘယ်လိုဖြစ်ရတာလဲ ? "

ကိုယ်ကသာ စိုးရိမ်လွန်ပြီး အပြေးလာရ
သူကတော့ ကုတင်ပေါ်မှာ အခန့်သားထိုင်ပြီး
ရယ်တောင်ပြနေလေသည် ။

" Unnie ကလဲ ဘာမှမဖြစ်ဘူး လာ
ဒီကို အရင်လာထိုင်ဦး ပြောစရာရှိတယ် "

" ပြောစရာ ရှိလဲနောက်မှပြော ဒီမှာ
မုန့်တွေဝယ်လာတယ် မနက်စာ အရင်စား "

" အရေးကြီးလို့ပါဆို ... ပြီးတော့ Jen ဆေးရုံက
ဆင်းချင်ပြီ သွားပြောပေး "

" မပြောပေးနိုင်ပါဘူး ဆေးရုံမှာပဲနေ ကိုယ်က
ခေါင်းထိထားတာ တော်ကြာရူးသွားဦးမယ် "

" Unnie နော် "

" အေးပါ အေးပါ မနက်စာ စားနှင့် ငါ ဆရာဝန်နဲ့
သွားတွေ့လိုက်ဦးမယ် "

Jisoo ဆရာဝန်နဲ့ သွားတွေ့ကာ Jennie လဲ
ဘာမှအရမ်းကြီး မဖြစ်တာကြောင့် ဆေးရုံက
ဆင်းခွင့်ပေးလိုက်သည် ။

သူကောင်တာမှာ ပိုက်ဆံရှင်းပြီး အခန်းထဲပြန်လာတော့
Jennie က အင်္ကျီတောင်လဲပြီးနေပြီ ......

" ဒါမျိုးကျ သူသိပ်မြန်တာ "

" သွားရအောင် Jen ပြောစရာလဲရှိတယ်
အလုပ်တွေလည်း ရှိသေးတယ် "

" အင်း "

-----

Chaelisa တို့ လေယာဉ်ကွင်းသို့
၇ နာရီလောက်ရောက်ကာ လေယာဉ်ပေါ်တွင် .....

" Lisa ya လန်ဒန်မှာ Hyeri လည်းရှိနေတယ်တဲ့ "

" ဟုတ်လား ငါတို့တောင် မတွေ့တာတော်တော်ကြာနေပြီနော် "

" ဟုတ်ပါ့ "

Lisa စာအုပ်ထုတ်ဖတ်ရင်း ငြိမ်နေသလောက်
Chaeyoung က စားသောက်ဖွယ်ရာများနဲ့သာ
အလုပ်ရှုပ်နေလေသည် ။

၁၂ နာရီခွဲကြာအောင် လေယာဉ်စီးလာပြီးမှ
လန်ဒန်လေဆိပ်သို့ ရောက်လာခဲ့ကြသည် ။

MADAMWhere stories live. Discover now