ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန် _Final Part

4.3K 181 2
                                    

Final Part ❣️

လေယာဉ်စီးနေတဲ့တစ်လျှောက်လုံး ကိုယ့်မြေအပေါ်ပြန်ရောက်ရပြီဆိုတဲ့စိတ်ကြောင့်နှစ်ယောက်လုံးပျော်နေခဲ့ကြတယ် ဒါပေမဲ့အကြာကြီးနေလို့တော့မရပါ ရိပေါ်က U.Sမှာကျောင်းသွားတက်ရမှာမို့ ပြန်ရောက်လျက်နဲ့ပင် ကိုယ့်မြေကိုလွမ်းစိတ်ကမပြေ။
ရှောင်ကျန့်ပြင်သစ်မှာနေစဉ် ရိပေါ်ကလိုက်နေပေးခဲ့တာကြောင့် ရိပေါ်မှာနေရင်းထိုင်ရင်းတစ်နှစ်အလကားဖြစ်လိုက်ရတာမို့ ရှောင်ကျန့်က ရိပေါ် U.Sသွားဖို့ကိုသာ စိတ်ထဲလောနေခဲ့ရသည် တစ်ဖက်ကလဲ မိဘတွေနဲ့တစ်လတည်းသာတွေ့ခွင့်ရှိတော့တယ်ဆိုသော စိတ်ကြောင့်ငိုချင်ချင်။
ဒါပေမဲ့ သူ့မှာကောင်လေးနဲ့မှမခွဲနိုင်ဘဲ ပြီးတော့ ရိပါ်ကလဲ သူမလိုက်ရင် သူလဲ U.Sကျောင်းသွားမတက်ပါဘူးဆိုပြီး ဂျစ်ကန်နေတာကြောင့် ရှောင်ကျန့်ကရိပေါ်နောက်ကို ကန့်လန့်ကန့်လန့်ပါရဦးမှာဘဲ။

"ရှောင်ကျန့် သားလေး"
"မား"
ရှောင်ကျန့်က မဖက်ရတာကြာပြီဖြစ်သောမားကို ၀အောင်တိုးဖက်ထားလိုက်လေသည် ဖက်နေသောသားအမိကိုပြုံးကြည့်ရင်းမှ ရှောင်ကျန့်ပါးကလဲ ၀င်ဖက်လိုက်လေသည်။
"ပါး"
"အင်း ရိပေါ် သား"
ရိပေါ်ကလဲ သူ့ပါးကိုဖက်လိုက်သည် ပါးကပိန်သွားသလိုဘဲ အလုပ်တွေများပိုပင်ပန်းသလား။
"ငါ့သားက ပိုပြီးအရပ်ရှည်လာသလိုဘဲ"
ရိပေါ်ပါးက အရပ်ရှည်ကာ လူကြီးပုံပေါက်လာသောသားဖြစ်သူကို တစိမ့်စိမ့်ကြည့်နေမိသည် သားကပါးဖောင်းဖောင်း နှာခေါင်းလုံးလုံးလေးတွေကြောင့် ချစ်စရာကောင်းချင်ပေမဲ့ သေသပ်လှသောမေးရိုးလေးနဲ့ နှာတံချွန်ချွန် အထူးသဖြင့်မျက်လုံးအကြည့်စူးစူးလေးက သားကိုယောင်္ကျားဆန်အောင်ပံ့ပိုးပေးလျက်ရှိသည်။

ထို့နောက် နှစ်ဖက်မိသားစုနဲ့အတူ စားသောက်ဆိုင်မှာမုန့်စားကြသည် ခုတော့လဲတားမရသော သားနှစ်ယောက်ကြောင့် သူတို့လဲ သဘောတူကြည်ဖြူလိုက်ကြရပြီမလား။
"ရှေ့ဆက်ပြီး သားတို့ဘယ်လိုလုပ်ကြမလဲ"
"ကျနော် U.Sပညာသင်သွားရင် ရှောင်ကျန့်ကိုပါ ခေါ်ခဲ့မလို့"
"သားကပါ လိုက်သွားမလို့လား"
ရှောင်ကျန့်မားအသံက တိုးလျလျ တစ်နှစ်တောင်ခွဲထားရသောသားကို ထပ်မခွဲချင်။
"ဟုတ် မား"
"ကျနော် သေချာခေါ်သွားပါ့မယ် အန်တီရဲ့"
ရိပေါ်ရဲ့စကားသံကြားတော့ ရှောင်ကျန့်မားကခေါင်းမညိတ် ခေါင်းမခါ သားရှိရာပြင်သစ်ကို ကျောင်းပျက်ခံပြီး တစ်နှစ်ကျော်ဒုက္ခလိုက်ခံခဲ့သောကလေးကို သူမ ယုံပါတယ် ပြီးတော့ငြင်းလဲမငြင်းရက်။

ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန် (Completed)Where stories live. Discover now