Part 24

1.7K 118 3
                                    

ရှင်=မရဘူးး ငါက ပျင်းလို့

ညီ=ဟီးးးရတယ် ပြီးချင်ရေကူခပ်

ရှင်=Ok

သက်=နေပါစေ အညီ ဧည့်သည်ကို မခိုင်းနဲ့

ရှင်=ရပါတယ် ဦးလေး

သက်=ထမင်းစားသွားပါ့လား

ရှင်=စားခဲ့ပြီဗျ

ထွန်း=လေးစိုးးးလေးစိုးး

သက်=ဘာလဲအထွန်းရ

ထွန်း=ကန်သာယာက ဖွားပုတင်ဆုံးလို့ အဖေကလာပြောခိုင်းလို့ ပြီးတော့ တစ်ခါတည်းလိုက်ခဲ့တဲ့

သက်=အေးအေး အညီ ငါ ကန်သာယာသွားအုံးမယ် ညအိပ်ခရီးလဲဖြစ်ချင်ဖြစ်မှာ

ညီ=စိတ်ချပါ အဖေရာ ကျုပ် အတွက်စိတ်မပူပါနဲ့

သက်=မင်းကို မပူဘူး ရွာထဲလိုက်မွှေနေမှာမို့ပြောတာ

ညီ=စိတ်ချစမ်းပါ မချချင် ကျုပ်ကို နောင့်ဆီအပ်ခဲ့

သက်=မင်းမပြောလဲ ငါမှာမလို့ပဲ သားအာဏာ မင်းညီကိုအပ်ခဲ့တယ် မလိမ္မာချင် ရိုက်သာပြစ်

ရှင်=ဟုတ်ကဲ့

ညီ=ကျုပ်က ကလေးမဟုတ်ဘူးဗျို့ သွားစမ်းပါအဖေရာ ဟိုမှာ နောင်ထွန်းစောင့်နေတာ

သက်=သွားပြီ ညဘက်လဲအပြင်မထွက်နဲ့

ရှင်=စိတ်ချပါ ဦးလေး

ညီ=နောင် လာထိုင် ကျုပ် ထမင်းစားအုံးမယ်

ရှင်=အင်း ကိုယ်စောင့်ပေးမယ်

ညီ=ဒါလေးတွေ ကူသယ်အုံးး

ရှင်=အင်းးလာပြီ ဘာတွေသယ်ရမှာလဲ

ညီ=ဒီ ငါးချဉ်ခွက်နဲ့ ခရမ်းသီး သယ်သွား စားပွဲပေါ်တင်ထား

ရှင်=အင်း
*ငါ့ဘဝကလဲနော် ငယ်နဲ့မှ စားပွဲထိုးကိုဖြစ်လို့ ကျေနပ်ပါတယ်လေ*

ညီ=စားမလား အဲ့လို မျှော်မနေနဲ့ ငရဲကြီးတာ

ရှင်=အာ စားခဲ့ပြီ*ကိုယ်က ငယ့်ကို ကြည့်တာပါ စားချင်လို့မဟုတ်ပါဘူးးကွာ*

ညီ=ဒီနေ့တော့ ဗိုက်ဝပြီဗျို့ တွယ်ပြီလေ

ရှင်=ငယ် ဒါက ဘာဟင်းလဲ

ရင္ခုန္သံ (ရင်ခုန်သံ) CompletedDonde viven las historias. Descúbrelo ahora