Part 54

1.6K 99 6
                                    

At လယ်သာယာရွာ;
ပန်း/လွှာ=ဟားးးဟားးးဟားးး

လွှာ=ရီနေရတာပဲ Mr.Bean က

ပန်း=ဟုတ်ပါ့

ဖြိုး=ငါ အိပ်ပျော်သွားးတာပဲ ဆူလိုက်တာ အပေါ်ကလဲ
ဒါ လင်းမြတ်အိပ်ယာပဲ ဒါဆို Diary ဖတ်ရမယ် သူတို့ပြန်မလာခင်
'ဖြိုးလေးတစ်ယောက် Diary စာအုပ်ရှာနေတာပေါ့'

ဖြိုး=တွေ့ပြီ
💙ငါ့မြတ်နိုးရာလေး💙
'လင်းမြတ်ရဲ့ Diary စာအုပ်အဖုံးပေါ်က စာလုံးလေးကို ရေ ရွတ်မိလိုက်သည် ထို့နောက်စာအုပ်ကို ဖွင့်ဖတ်လိုက်သည်'

ကျောင်းတက်တဲ့ပထမဆုံးနေ့;
❤ငါ ဒီနေ့ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ ပထမဆုံး ကျောင်းလာတက်မိတယ် ပုဆိုးတို ရှပ်အကွက်နဲ့ ငါ ပိုက်ဆံ ၁၀၀၀တွေ့လို့ ကုန်းကောက်နေချိန် ပါဝါမျက်မှန်အထူ ပုဆိုးရှည် စတစ်အဖြူ ထီးကောက်နဲ့ ကောင်လေးက ငါ့လွယ်အိတ်နဲ့ထိ နဲ့ညှိနေတာကို မသိဘူးး တကယ်  အူတူတူလေး ငါ့မှာသာ အရူးလို နောက်ကပါသွားရတာ အတန်းထဲမှာဟထပ်တွေ့ရတယ် စာဂျပိုးလေးပါကွာ  သူ့ နာမည် က ဖြိုးမင်းပိုင် တဲ့

ဖြိုး= ငါ တကယ် မသိခဲ့ဘူး

တစ်ပတ်အကြာ
❤အဲ့ အူတူတူလေးက အများအချစ်ခံလေးပဲ ဒီနေ့ အတန်းရဲ့ EC ရွေးခံရတယ် ငါ သူနဲ့ ခင်ချင်လိုက်တာ သူက ငါ့မသိဘူးး

နှစ်ပတ်အကြာ:
❤ငါ သူငယ်ချင်းနှစ်ယောက်ရတယ် ဟိန်းထက် ပြည့်ဖြိုးတဲ့  ငါ မင်းကို စတွေ့ကတည်းက ငေးမော နေရလို့ အဲ့နှစ်ကောင်က စနေတယ် မင်းက Gayလားတဲ့ECကို ငေးနေလို့တဲ့

သုံးပတ်အကြာ;
❤မြတ်နိုးရာလေး  ဒီသုံးပတ်အတွင်းမှာ ငါက မင်းကို မမြင်ရ မနေနိုင်အောင် ဖြစ်မိနေတယ် ငါစမ်းသက်ခဲ့တယ် အဖြေက မင်းကိုမြတ်နိုးနေမိတာ  သူငယ်ချင်းတွေက မင်း သတိထားမိအောင် အကြံပေးကြတယ်

တစ်လအကြာ;
❤ငါ့အကြံ အောင်မြင်တယ်ပြောရမလား Aအခန်းရဲ့ လူဆိုး သုံးယောက်ပေါင်းလောင်းကျော်တွေကို အကုန်စတိထားမိကြတယ် အထူးသဖြင့် မင်းလေးပေါ့ ကလေကချေတွေဆိုပြီး မျက်မုန်းကျိုးနေတာလေ ဒါပေမယ့် ငါ ပျော်တယ် သိလားးမင်း သတိထားမိနေပြီလေ

ရင္ခုန္သံ (ရင်ခုန်သံ) CompletedWhere stories live. Discover now