Part 50

1.7K 116 10
                                    

"လွှတ်ဆို  မလိုက်ဘူးးး  ငယ့်ကို ကြိုရအုံးးမာ"

"ပါးစပ်ပိတ်ပြီး လိုက်ခဲ့စမ်း"

"မေမေ့ကို မုန်းတယ်"

"ငါ့သားကိုလဲ အခြောက်ဇာတ် မသွင်းနိုင်ဘူး ကြိုက်သလောက်မုန်း"

"လွှတ်စမ်းးးးငါ့ကို  ငယ် ငယ်!!!"
'ပင်လယ်ဘက်က လှေလာနေတာမြင်လို့အော်လိုက်တာပါ့'

"မျိုးမစစ်ကောင်ကပြန်လာပြီ ပါးစပ်ပိတ်ခေါ်ခဲ့ကြ"

"အု အွန်းးးးအု"

*ငါ့နားထဲ မောင်ခေါ်လိုက်သလိုပဲ မဟုတ်လောက်ပါဘူးး ကမ်းက လူ စုက ဘာဖြစ်နေတာပါလိမ့်  မဆိုင်ပါဘူးးလေ*

5မိနစ်အကြာ;
"ဗေဒါ တို့ကတော့ မွေးနေ့မှာ ငါးတွေတအားရတယ်ဗျို့"

"ဟုတ်တယ် ဦးကြီးး ပြန်တော့မယ်ဗျ"

*မောင်လဲ  လာမကြိုဘူးး ငါ့အတွက်ဆက်ပရိုက်ဆိုတာကြီးလုပ်နေတာနေမှာ*

🎵ရေပြာလှိုင်းးကမ်းခြေဆီ မြေနီလမ်းကလေးကိုဖြတ်လျှောက်ခဲ့သည်
နေခြည်ရောင်ဝါခြုံ လွှမ်းသည်
ပင်လယ်စင်ရော်တွေ ပျံဝဲလျက်ရှိသည်
အနောက်ဘက်မိုးတိမ်တွေလဲ မျောလွင့်ကြသည်
အဝေးကထုံးစေတီလေးဖူးတွေ့မှန်းရည်
ဆည်းလည်းခတ်သံတွေလဲ သဲ့သဲ့မျှကိုယ်ကြားသည် 🎵

"မောင့်ကို ဒီသီချင်းဆိုပြရမယ် အစအဆုံးး ရင်ထဲမကောင်းလိုက်တာ  မနက်စာ မစားခဲ့ရလို့လားပါ့"
'သီချင်းတအေးအေးနဲ့ ဗေဒါကို တချို့ရွာသူ/သားတွေက သနာသလိုကြည့်နေတာပေါ့'

"မောင်ရေးးးငယ် ပြန်လာပြီ  ကိုဝသုန် ရောက်နေတာလားး ခင်ဗျား အာစောင့်နတ်ကပ်တာဗျာ မောင့်မုန့်ဝယ်ကျွေးရင် ခင်ဗျားကောလိုက်ခဲ့"

"ဗေဒါ"

"ဗျာ  ဒီ ငါးခြောက်ပြားတွေက ဘယ်လိုဖြစ်တာလဲ တန်းပြုတ်ကျတာလား မောင်ကော ဘယ်မလဲ  "
'ဝသုန်က ခေါင်အမေ တွန်းချထားတဲ့ငါးခြောက်တွေကို ပြန်ကောက်ထားတာပါ့'

"ထွဋ်ခေါင် ကို သူ့အမေ ပြန်လာခေါ်သွားပြီ"

ဘုန်း**
"ဗျာ!"
'ဗေဒါ ထမ်းလာတဲ့ငါးတောင်းက အောက်ပြုတ်ကျကုန်တာပါ့'

ရင္ခုန္သံ (ရင်ခုန်သံ) CompletedWhere stories live. Discover now