မိတ်ဆက်(final)

1.7K 178 3
                                    

Unicode

Systemက သူ့ရဲ့ host ဖြစ်သူကို
ကြယ်ပင်လယ်လို့ခေါ်တဲ့
နေရာမှာ ထားခဲ့လိုက်ပြီး
အထက်ကို အစီရင်ခံစာတင်ရန်
ထွက်လာခဲ့လိုက်သည်

အစီရင်ခံစာတင်ရမှာပေါ့
ဒီ host ကို စီစဥ်ပေးဖို့ အထက်က
တိုက်ရိုက်အမိန့်ပေးခဲ့တာမို့လို့

System 200336ဆိုတာဘယ်လိုSystemမျိုးလဲ
200336ဆိုတာ သက်တန်းကြာလို့ System space ရာထူးတစ်ခုတောင် ရနေပြီလေ
ကျိန်းသေပေါက် ကြယ်ပင်လယ်က host တွေကို
ခေါ်ပြီး အခြားကမ္ဘာတွေကို လိုက်ပို့ရမယ့်သူမျိုး
မဟုတ်တော့ဘူး

200336က host ထောင်ပေါင်းများစွာနဲ့
ကမ္ဘာပေါင်းများစွာကို ဖြတ်သန်းပြီး
Mission တွေလုပ်ခဲ့တဲ့သူ
အဲ့ဒီလူတွေထဲကမှ နောက်ဆုံးကမ္ဘာကို
ဖြတ်ကျော်နိုင်တဲ့ သူဆိုတာ အတော်ကိုရှားတယ်
အင်း အရေအတွက်အရဆိုရင် ၁၀ ဂဏန်း
လောက်ပဲရှိမယ်
နှမျောဖို့ကောင်းတာကတော့
အဲ့ဒီ့ ၁၀ ဂဏန်း လောက်က
ကောင်းကင်နန်းတော်ရဲ့ အမှုထမ်း
ဖြစ်သွားတဲ့အခါမှာတော့ သူ့ကို
အဖတ်မလုပ်ကြတော့တာပဲ

200336ကတော့ အဲ့ဒါတွေကို
စိတ်ထဲမထားတော့ဘူးလေ
ဘာလို့လဲဆိုတော့ သူက တည်မြဲတဲ့ရာထူးတစ်ခုကို
ရနေပြီ ဖြစ်လို့

အခု အထက်က host တစ်ယောက်ကို
တာဝန်ယူပေးရမယ်ဆိုပြီး
အမိန့်ရတယ်အချိန် 200336က
အတော်လေးကို အံ့သြသွားခဲ့တယ်

အဲ့ဒီ့ အထက်က အဖိုးကြီး ဘာတွေကြံနေပြန်
ပြီလဲဆိုပြီးတော့ပေါ့

တကယ်တမ်း ကြယ်ပင်လယ်ရောက်လို့
Host ဖြစ်သူကို အကဲခက်မိတဲ့အခါမှာတော့
အဘိုးကြီးကြံနေတာမဟုတ်ဘူးဆိုတာကို
သိလိုက်ရပြီလေ

Hostက ဉာဏ်ကောင်းတယ်
အကွက်တွေကိုလဲ ကြိုမြင်နိုင်တယ်
အဲ့လို host မျိုးကို system ပေါက်စလေးတွေနဲ့
တွဲပေးလို့တော့ဘယ်ဖြစ်မလဲ
Host နှပ်ချတာခံရမှာပေါ့

(ဒါကတော့ 200336 ရဲ့အတွေးပါ
Hostအဲ့လိုမျိုးမဟုတ်တာလဲ ဖြစ်နိုင်တာပဲလေ)

အဲ့တော့ ဒီလို host မျိုးက
ငါ့လို system မျိုးနဲ့မှ သင့်တော်တာပေါ့

System လေးက ဇောင့်ကြွားဇောင့်ကြွား
ဖနောင့် သံဆူးနေရင်နဲ့ Space ရဲ့
အကြီးအကဲ ရုံးတော်ရှေ့သို့ရောက်လာသည်

Born (OR) Die [System]{OC} U+ZWhere stories live. Discover now