Arc-1(L-ki)

1.9K 208 5
                                    


Unicode

[ကူးပြောင်းမူ စတင်ပါပြီ]

တီ ဆိုသည့်အသံကို ကြားပြီးသည်နှင့်
စစ်မာန် ခေါင်းတွေချာချာလည်သွားတယ်

"What the f**k မူးချက်ပဲ Shin Shin
မင်းတို့ဟာက အဲ့လိုမူးတာပဲလား"

[ဟုတ်ပါတယ် Host
ကျွန်တော်တို့က Host တို့ကို
Roller-coaster စီးရတဲ့ ခံစားချက်မျိုး
ပေးချင်လို့ပါ]

"ဘောကို Roller-coaster
မင်းတို့ဘာသာ စီးကြပါလား"

[ကျွန်တော်တို့က စီးရတာမကြိုက်ဘူး
ကြည့်ရတာပဲ ကြိုက်တယ်]

စစ်မာန် ဘာမှပြန်မပြောတော့ဘူး
ဘာကြောင့်လဲဆို
သူအခုအချိန်ထိ ခေါင်မူးနေသေးတယ်
အဲ့ဒါကြောင့် ခဏလောက်
ငြိမ်နေတာအကောင်းဆုံးပဲ

တခဏအကြာမှာ
System က စကားစလိုက်တယ်

[Host မျက်လုံးလေး ဘာလေးဖွင့်
ပတ်ဝန်းကျင်ကိုလဲ နည်းနည်းပါးပါး
စူးစမ်းဦး အခြား
hostတွေလို ရောက်ရောက်ခြင်း
လုပ်ကြံခံရလို့ကတော့
Host ကြယ်ပင်လယ်မှာ
ကြယ်ဖြစ်နေတာကြာလောက်ပြီ]

တကယ်ပဲ ဒီကမ်ဘာစရောက်ထဲက
မူးလို့ဆိုပြီး မျက်လုံးကိုမဖွင့်ဘူး
ငါတကယ် စိတ်လေတယ်

System သတိပေးတော့မှ
စစ်မာန် Mission ထမ်းဆောင်ရမည့်
ကမ်ဘာကို ရောက်နေပြီဆိုတာ
သတိပြုမိသွားတယ်

"What the fuck"

မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရတာက
ခရမ်းရောင်
ဟုတ်တာပေါ့ ခရမ်းရောင်တွေလေ
တစ်ခန်းလုံးက ခရမ်းရောင်တွေ

စစ်မာန်ဝင်ထားတဲ့ ခန္ဓာကိုယ်က
နှစ်ယောက်အိပ်ကတင်မှာ
လဲလျောင်းနေတယ်
ကျိန်းသေပေါက် စောင် ခေါင်အုံး
သူ့ခန္ဓာကိုယ်ပေါ်က ညအိပ်ဝတ်စုံအစ
ခရမ်းရောင်တွေနဲ့ ပြည့်နှက်နေတယ်

ဒါပေမယ့်လို့ စစ်မာန်
ကောင်းကောင်းမမြင်ရဘူး
သူ့အမြင်အာရုံက ဝေးဝါးနေတယ်

[အဆင်သင့်ဖြစ်ရင် ဇာတ်ကြောင်း
ပို့ပေးပါ့မယ်]

စစ်မာန်ခေါင်းထဲကို ပုံရိပ်ရောင်တွေ
အမြောက်အများ
တစ်ပြိုင်နက်ထဲ ဝင်ရောက်လာသည်

Born (OR) Die [System]{OC} U+ZWhere stories live. Discover now