Arc 1.7 ( L-ki)

1.5K 142 29
                                    

Unicode

L-ki ကျောင်းထဲဝင်ဝင်ချင်မှာပဲ
အားလုံးက သူ့ကို ကွက်ကြည့်ကွက်ကြည့်ဖြစ်ကုန်ကြတယ်

"ဟဲ့ ဟဲ့ အဲ့တာ မောက်မာတဲ့ ဟိုသူဋ္ဌေးသား
လာဗင်ဒါဆိုတဲ့ တစ်ယောက်မှတ်လား"
"အယ် ဟုတ်တယ်ဟ မတွေ့ရတဲ့ရက်အနည်းငယ်အတွင်း ချောသွားလိုက်တာများ"
"ဟဲ့ ချောတာမဟုတ်ဘူး လှပါလှလာတာဟ
ယောက်ျားလေးတန်မဲ့ အဲ့လောက်လှလိမ့်မယ်လို့မထင်ထားဘူး"

လာဗင်ဒါလို့ခေါ်တဲ့ L-kiလေးဟာတော့
ထိုမကြားတကြားချီးကျူးစကားများကို
လျစ်လျူရှုလို့ မိမိရဲ့စာသင်ခန်းကိုသာလျှောက်လာလိုက်တော့သည်

ထိုသို့သော ချီးကျူးစကားမျိုးစုံကိုကြားနေရသည့်
ကျောင်း၏အလှဆုံးဂုဏ်ပုဒ်ကို ကိုင်ဆောင်ထားသည့် အန်နာ ဆိုသူမှာတော့ မပျော်မရွှင်ဖြစ်လို့လာချေပြီ

"ဟွန့် ဘယ်သူကများငါထက်ပိုချောနိုင်ပါ့ဦးမလဲ
အေး ငါ့ထက်ချောနေရင်လဲ ငါ့အပိုင်ဖြစ်အောင်
လုပ်ပြမယ်"

အန်နာကတော့ ပြောင်းလဲသွားတဲ့ L-ki ကို မမြင်ရသေးပါချေ မမြင်ရသေးခင်မှာပင် မနာလိုဖြစ်လွန်းလှနေလေသည်

L-ki အတန်းထဲကိုရောက်သည့်နှင့် သူ့ရဲ့မှတ်ဉာဏ်ကိုပြန်ဖော်ကာ သူထိုင်ရမည့်နေရာကို ဝင်ထိုင်လိုက်သည်

မကြာမီပင် သူ၏သူငယ်ချင်း
အင်း သူငယ်ချင်းလဲဟုတ်မနေပါဘူး
ဒီတိုင်း L-kiမှာ ပိုက်ဆံနဲ့အာဏာရှိလို့
လာကပ်နေတဲ့ ကပ်မြှောင်တစ်စု ရောက်ရှိလာသည်

L-kiကသူ့ရဲ့စာအုပ်ကိုသူဖွင့်လို့
ခေါင်းငုတ်၍သာ ဖတ်နေသည်

"ဟေးး လာဗင်ဒါ မင်းဒီအတောအတွင်း
ဘယ်တွေရောက်နေတာလဲ ငါတို့ကိုတောင်အဆက်အသွယ်မလုပ်ဘူး"
"အေးလေကွာ မင်းကလဲ ငါတို့ကတော့မင်းကို
သတိရနေတာ" 
"လာဗင်ဒါ မင်တော်တော်ချောလာတယ်နော်
ငါတောင် မင်းကိုကြိုက်ချင်လာပြီ"

L-ki မျက်ခုံးတစ်ဖက်ပင့်ကာ ထိုသို့ပြောလာသူကို
တည့်တည့်စိုက်ကြည့်လိူက်တယ်

"ငါနမည် L-ki မင်းခေါ်နေတဲ့ မင်းဖေ လာဗင်ဒါ က
သေသွားတာကြာပြီ"
ပြောပြီးသည်နှင့် L-ki ကိုယ့်စာကိုယ်ပြန်ဖက်နေလိုက်သည်

You've reached the end of published parts.

⏰ Last updated: Nov 06, 2021 ⏰

Add this story to your Library to get notified about new parts!

Born (OR) Die [System]{OC} U+ZWhere stories live. Discover now