Arc-1.4 (L-ki)

1.5K 186 4
                                    

Unicode

Aနိုင်ငံရဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့ပန်းခြံလေးတစ်ခု
အရိပ်ကောင်းတဲ့သစ်ပင်ကြီးအောက်မှာ
မှန်ကြောင်ကောင်လေးတစ်ယောက်နဲ့
ကြောင်ဖြူလေးတစ်ကောင်ကထိုင်နေကြတယ်

များမကြာမီ သူတို့ဆီကို လူလတ်ပိုင်း
ယောက်ျားတစ်ယောက်ယောက်လာတယ်

"အခုလိုမျိုး ရောက်လာပေးလို့ ဝမ်းသာပါတယ်
အန်ကယ် ကျွန်တော် အန်ကယ်ကို အလုပ်ရှုပ်စေ
မိပြီ"

"ကိစ္စမရှိပါဘူးကွာ မင်းကြောင့်ပဲငါနားရက်ရသွား
တာ မင်းကိုတောင်ကျေးဇူးတင်ရဦးမယ်
ဘာလိုလိုနဲ့ မင်းတောင်ဒီအရွယ်ရောက်လာပြီပဲ
မင်းက အမနဲ့တစ်ပုံစံထဲပဲ"

ကျွန်တော် အပြုံးနဲ့သာတုံ့ပြန်လိုက်တယ်
"ကျွန်တော် လိုရင်းပဲပြောတော့မယ်
အန်ကယ် Dadက ကျွန်တော့် ပိုင်ဆိုင်မှုတွေကို
လိုချင်နေတယ် အဲ့တာနဲ့ပက်သက်လို့
ကျွန်တော်ကလဲ ငယ်သေးတယ်ဆိုတော့
ဒီအမွေတွေကို ကျွန်တော်လက်ထဲရောက်အောင်
ဘယ်လိုလုပ်ရမလဲကျွန်တော်မသိဘူး
ကျွန်တော် တွေးထားတာတစ်ခုရှိတယ်
တစ်နေရာရာမှာ ရင်းနှီးမြှုပ်နှံထားလိုက်ရင်
ကောင်းမလားလို့"

"သေချာပေါက် ကောင်းတာပေါ့ကွ
ငါထင်သားပဲ မင်းအဖေ အကွက်တွေ
ရွှေ့တော့မယ်ဆိုတာ မင်းအဖေက
ငါနဲ့မင်းကို အတွေ့မခံဘူးလေ
အဲ့ကတည်းက ငါသိနေတာ
ငါဘယ်လိုပဲကြိုးစားနေပါစေ
မင်းနဲ့ငါတွေ့လို့ မရခဲ့ဘူး
ပြောစမ်းပါဦး ငါနဲ့တွေ့ရဖို့
မင်းအဖေကို ဘယ်လိုတွေပတ်ခဲ့လဲ"

"Dadက ကျွန်တော့်ကိုသက်တော်စောင့်နဲ့
ထည့်ပေးလိုက်တာ
Dad မသိတာက သက်တော်စောင့်က
ကျွန်တော့်ဘက်ကဆိုတာပဲ
အဲ့တာကြောင့်မို့ သူ့အကူအညီနဲ့
ကျွန်တော်အန်ကယ်ကိုတွေ့နိုင်တာ
ပြီးတော့ အန်ကယ်ဆီမှာ ကျွန်တော်
အကူအညီတောင်းစရာလေးရှိသေးတယ်"

"ပြောလေကွာ "

"ကျွန်တော်ကို ၂ သန်းလောက် ချေးပါ"

"မင်း ၂ သန်းကြီးများတောင်ဘာလုပ်ဖို့လဲ"

"ကျွန်တော့်ရဲ့ သက်တော်စောင့်ကို
အပိုင်ချုပ်ရမယ်လေ သူ့သမီးလေးက
ဆေးရုံတက်နေရတာ ဆေးဖိုးလိုတယ်"

Born (OR) Die [System]{OC} U+ZWhere stories live. Discover now