Season2လေးရေးရင် ဖတ်ပေးမဟ့်သူရှိလားဟင် 🥺 ဖြေပေးဦးနော်
*Part11*
ထွဋ် ချမ်းကိုလှမ်းဆွဲထားရာက လက်တွေကိုပြန်ဖြုတ်လိုက်သည် ။
"ဟိုမှာ ကလျာ ငါ့ဆီလာနေတယ် "
"ဟင်း "
ချမ်းပြန်ထိုင်နေလိုက်သည် ။"မင်းပြန်မို့ဆို "
"မပြန်ဘူး "
"ဖြစ်ရပြန်ပီအမျိုးမျိုး "
"ကိုထွဋ် "
"ကလျာ ဘယ်ကိုလာတာလဲ "
"ကလျာနေ့လည်စာလာစားတာပါ ကိုထွဋ်ရော "
"ကိုယ်ရောပဲ လာလေအတူတူစားမယ် "
"နေပါစေ ကလျာသွားမှာခဲ့မယ် ခဏနော် ပြီး ကိုထွဋ်ကိုပြောစရာရှိလို့ "
"ဟင် အိုခေလေ ကိုယ်စောင့်ပါမယ် "
ကလျာထသွားသည် ။
ချမ်းပေကပ်ကပ်နှင့်ထိုင်နေလိုက်သည် ။"ဖိုးချမ်း မင်းစောင့်နိုင်တယ်မလား ကလျာကစကားပြောရင် အရမ်းကြာတာကွ "
"ရတာပေါ့ စောင့်မယ်လေ မင်းတို့ကြည်နူးနေတာကို ငါမျက်လုံးနဲ့ဒေါက်ထောက်ပြီးလိုက်ကြည့်အုံးမှာ "
"မင်းကလည်း ဘုကလန့်တိုက်မနေနဲ့ ဟိုမှာကလျာလေးလာနေပြီ "
"ငါကမင်းလိုမဟုတ်ဘူး ဘုကလန့်တိုက်တာမင်းအကျင့်"
"ဟင်း လာလာ ကလျာ အများကြီးမှာလာတာပဲ "
"စားနော် ကိုထွဋ် ကိုချမ်းလည်းစားပါ ကလျာသုံးပွဲတောင်ဝယ်လာတာ ဒီဆိုင်က ထမင်းသုတ်ကအရမ်းစားကောင်းတယ် "
"ဟုတ်ကဲ့ ကျေးဇူးညီမ "
"ဟီး စားရင်းနဲ့ပဲ ကလျာပြောရမယ်
ချမ်းကတော့ ခက်ရင်းလေးနဲ့ဟိုဘက်ဒီဘက် ကလော်လိုက် ဇွန်းခွက်လေးနဲ့ ကလော်စားလိုက်နှင့် နားထောင်ဟန်မပြုပေမယ့် ငြိမ်နေလိုက်သည် ။
"ဘာပြောမို့ ဒီလောက်တောင်စကားပလ္လင်ခံနေရတာလဲ "
"ဟို ဟိုလေ ဟိုတခါက ကိုထွဋ်ကို ပြဿနာရှာတဲ့ လူ "
YOU ARE READING
Friend Or Husband (Completed)
Teen FictionIf You are pure , shouldn't Read⚠️ If You know , you are master in Dark side; Lets read😜 အမှောင်ဇီးကွက်လေးတွေအကြိုက် အမှောင်ဇီးကွက်လေးတွေအကြိုက်