ဂျယ်လီတုံးလေး'ဂျယ်လီတုံးလေး

1.1K 66 3
                                    

‍‍‍‍‍‍‍‍‍ခ်စ္ပါရေစ
အပိုင်း၁၂

"ရေပတ်တိုက်ပေးမယ် မျက်နှာသစ်ပေးမယ် ရေမချိုးနဲ့"

"အာ ကိုယ့်ဖာသာလုပ်မယ်"

"ကျစ်! စကားမများနဲ့ဗျာ "

လေပြေအေးက ဦးငယ်ပုခုံးလေးကိုဖိကိုင်ခါ ထိုင်ချစေ၍ ဦးငယ်ကုတင်ပေါ်တွင် ငုပ်တုပ်လေးထိုင်လျက်သားဖြစ်သွားသည်။ လေပြေအေးကရေနွေးနွေးလေးခပ်လာတယ့် ဇလုံလေးထဲ ဦငယ်ခြေထောက်လေးကို စိမ်ပေးလိုက်သည်။

"အဲ! လေပြေအေးး ကိုယ့်ဖာသာ"

"အသာနေပါဆိုဗျာ လူကြီးကို ပြုစုပေးပြီးကုသိုလ်ယူချင်လို့ပါဗျ ဟီး"

"လုပ်ချင်တာလုပ်ရတော့ မျက်နှာကိုဖြီးနေတာပဲနော် ဟွန်း"

လေပြေအေး ရေချိုးခန်းထဲကနေ ဇလုံလေးထပ်ယူခဲ့ပြီး မျက်နှာသုတ်တဘက်အဖြူလေးကို နှစ်လိုက်သည်။တဘက်လေးကို ရေပြန်ညှစ်ယူရင်း ဦးငယ်နဖူးပေါ်လေးကနေ ဆွဲချခါ ပါးဖောင်းဖောင်းလေးတွေပေါ်ဖွဖွလေးပွတ်ဆွဲရင်း သန့်စင်ပေးသည်။

"ဦးငယ်ပါးလေးတွေက အိနေတာပဲနော် ဟီး"

"ဟွန်း လုပ်စရာရှိတာကိုသွက်သွက်လုပ်"

ခပ်ပျော့ပျော့လေးငေါက်ပြီးပြောရင်း ဦးငယ်မျက်ဝန်းတွေကိုမှိတ်ထားလိုက်သည်။လေပြေအေးလည်း ဦးငယ်မျက်ခွံလေးဆွေပေါ်ကို ဆေးပေးသည်။နောက်နှာတံသေးသေးလေးဆီကိုရောက်လာပြီး အောက်ဘက်က ဂျယ်လီတုံးလေးလို အိအိစက်စက်နှုတ်ခမ်းလုံးလုံးလေးကို ရှင်းရှင်းလေး တွေ့လိုက်ရသည်
အား!  ဒုံးဒုံးဒုံးနဲ့ ရင်ဘတ်ကို တူနဲ့ထုနေသလိုပဲ. ။

"လေပြေအေး မင်းကြောင့် ငါအအေးပက်တော့မယ်လေ တော်ပါတော့"

မျက်တောင်ကလေးကို ပုတ်ကလဲ့ပုတ်ကလဲ့လေးဖြင့်ကြည့်ရှာနေသောဦးငယ်ရယ်ပါ
လေပြေအေးလက်ကိုရုတ်သိမ်းလိုက်ရသည်။

"ပြီးပြီလား ဗိုက်ဆာတယ် မင်းရောမနက်စာဖြည့်ပြီးလား"

"ပြီးသေးဘူး ဦးငယ်အတွက် ပြင်ဆင်ပေးနေတာလေ လာသွားစားကြရအောင်နော်"

"အင်း"

ဦးငယ်နှင့်အတူထွက်လာတော့ လှေကားထိပ်မှာ ချမ်းတို့အတွဲနှင့်ဆုံလေသည်။

Friend Or Husband (Completed)Where stories live. Discover now