🚫ချစ်လို့~ခဈြလို့🚫

5.6K 209 8
                                    

*‍‍‍‍‍‍‍‍Part12*

"အဟွတ် ဟင်း "
မူး၍ချာချာလည်နေတာကြောင့် ချမ်းအိပ်ယာထဲမှဖြေးဖြေးချင်းထလိုက်သည် ။
နာရီကြည့်တော့ ၆နာရီထိုးနေပြီ ။
ခေါင်းကြည်သွားအောင် ချမ်းရေမိုးချိုးဖို့ပြင်လိုက်သည် ။အောက်ပိုင်းကိုတဘက်ပတ်ခဲ့ပြီး ချမ်းထွက်လာသည် ။

ခလွမ်!!!

" အ အား "

ခွက် !

"ဟင် !"

မီးဖိုထဲကကြားရတဲ့ အသံမျိုးစုံကြောင့် ချမ်း ရေချိုးခန်းထဲကနေပြန်ထွက်လာခဲ့သည် ။

"အား ကျွတ် "

"ဟာ ငထွဋ် "

"ချမ်း နိုးလာပြီလား "

"မင်းဒီမှာဘာလုပ်နေတာလဲ "

"ဟို ငါမင်းစားဖို့ ဆန်ပြုတ်ချက်နေတာ "

"ဟမ်! မင်းက "

"အေး "

" ဖယ်ဖယ် အပူလောင်သွားလား "

ပြုတ်ကျသွားတဲ့ ဇွန်းတွေခွက်တွေကို ချမ်းကောက်ယူပြီး ဘေစင်ပေါ်တင်လိုက်သည် ။

"ချမ်း "

"ဟင် ငင့်! "

အနောက်ကနေတွယ်ဖက်ထားတဲ့ ထွဋ်ရင်ခွင်ကြီးကြောင့် ချမ်းလန့်သွားသည် ။
ခါတိုင်းကလည်း ထွဋ်ဒီလိုလုပ်နေကြပဲ ဆိုပေမယ့် အခုမှခံစားချက်ကြီးတစ်မျိုးဖြစ်သွားသည် ။
ထုံးစံအတိုင်း ချမ်းပုခုံးလေးအပေါ် ထွဋ် မေးလာတင်သည် ။

"ငထွဋ် မင်းဘာလုပ်တာလဲ "

"ငါဘာလုပ်လို့လဲ ဒီတိုင်းလေးနေတာကို "

"ဖယ် မနေ့ကသောက်ထားလို့ ငါ့ကိုယ်က နံနေတယ်"

"မနံပါဘူး "

ဆိုပြီး ထောင့်ကျပြီးသွယ်နေတယ့် ချမ်းမေးရိုးလေးကိုနမ်းလိုက်သည် ။

"ဟာ ထွဋ် ဘာလုပ်တာလဲ "

"နမ်းတာလေ မွှေးတယ်မနံဘူး "

"ဟင်း ငါ့ကိုလွှတ် ရေသွားချိုးတော့မယ် "

ထွဋ် အားတွန်းဖယ်ပြီး ထွက်သွားသည် ။

ချမ်း ထိန်းမရတော့တဲ့ရင်ခုန်သံတွေကြောင့် ကိုယ့်ကိုကိုအားမလိုအားမရဖြစ်ပြီး ရေခွက်ထဲကရေတွေအားမျက်နှာသို့ ဖြန်းပတ်လိုက်သည် ။

Friend Or Husband (Completed)Where stories live. Discover now