6.

4.2K 617 96
                                    

​"ကော...ဘာလို့ အဲ့ခွေးကောင်ကို ပြန်လက်ခံထားရတာလဲ။ သူ့ရဲ့ အခုကစကောကလွဲရင် ဘယ်သူမှမရှိစေတော့ပါဘူးဆိုတဲ့ ဖန်တရာတေသောက်ကျိုးနည်းကတိကို ကောတကယ်ကြီးယုံလိုက်တယ်? ကောရူးသွားပြီလား? "

ဝမ်ရိပေါ်က မနက်စောစောကို ဒေါသတွေနဲ့ ဆူပွက်နေတယ်။

သူ့ဦးလေးက သူ့ကို လုပ်ငန်းတွေ သေချာသင်ကြားပေးဖို့ဆိုပြီး Las Vegas ကို တစ်လခေါ်သွားတယ်။ သူပြန်လာတော့ ရှောင်းကျန့်က Kyle ဘေးပြန်ရောက်နေပြီ။

ဒီလောက်ခံစားခဲ့ရတာကို မမှတ်သေးဘူးလားဆိုတော့ မင်းမှမချစ်ဖူးပဲတဲ့။

သူ့မှာ အရှိုက်ကိုထိတာ တည့်တည့်ပဲ။

သူဟာ အန္တရာယ်များတဲ့လောကထဲကလူမို့ ဘယ်သူ့ကိုမှ နင့်နင့်နဲနဲ ရင်နဲ့ရင်းမချစ်ရဲဘူး။

သူသိပ်ချစ်လေသမျှ အဲ့ဒီလူဟာ သူ့ကို လုပ်ကြံချင်သူတွေရဲ့ ပစ်မှတ်ဖြစ်လာမှာ။ အန္တရာယ်တောထဲဆွဲခေါ်ခံရမှာ...။ပြီးတော့ သူ့ရဲ့ တစ်ခုတည်းသောအားနည်းချက် ဖြစ်လာမှာ။

Leo Alastair Raizel ဆိုတဲ့ သူဟာ လုံးဝပြီးပြည့်စုံတဲ့ အရှင်သခင်တစ်ပါးဖြစ်ဖို့ မွေးဖွားလာတဲ့သူ...။
အရေးမပါတဲ့ အချစ်အတွက်နဲ့ ပြစ်ချက်ထင်မခံနိုင်ဘူး။

အချစ်ကို မျက်ကန်းလို ကိုးကွယ်နေတဲ့ ကျန့်ကောနဲ့ အချစ်ကို ဘဝထဲကဖယ်ထားတဲ့ သူက ဘယ်လိုမှ ညှိမရ။

"ကောရာ... ကောကို အခုကျွန်တော်တအားဆွဲဆောင့်ချင်နေတာသိလား။ အသိဝင်သွားအောင်ဆိုပြီးလေ.. ၊ မလုပ်ရက်လို့သာ ကြည့်နေတာ"

ကိတ်မုန့်ကို အလှဆင်နေတဲ့ ရှောင်းကျန့်က သူ့ကို ပြုံးပြီး မော့ကြည့်လာတယ်။

( ကောကို ဟိုနားက စတော်ဘယ်ရီခရင်မ်လေး ကမ်းပေးလိုက်ပါဦး ။ ကောမမှီလို့ ... )

"ဒီမှာ ကျွန်တော်ကောကို ရန်လုပ်နေတာနော်"

(အင်း...ကောသိတယ်
ခရင်မ်ကမ်းပေးပြီးရင် မင်းဆက်ရန်လုပ်...ကောနားထောင်နေတယ်)

အား!!! ဒီကျန့်ကောကတော့ !!

ဘယ်လို မထုံတက်သေးလေးမှန်း မသိဘူး။
သူ့ကို ဒီလောက်စိတ်တိုအောင် လုပ်နိုင်တာ ဒီကျန့်ကောပဲရှိတယ်။

𝖬 𝖤 𝖳 𝖠 𝖭 𝖮 𝖨 𝖠Where stories live. Discover now