23.

2.8K 307 37
                                    

အနက်အနီစပ် Ferrari က လမ်းမပေါ်မှာ ဦးတည်ရာမဲ့ ပြေးလွှားနေတယ်။

စတီယာတိုင်ပေါ် တင်ထားတဲ့ လက်တွေက လက်ဆစ်​တွေဖြူလျော်လာတဲ့အထိတင်းတင်းဆုပ်ထားတယ်။

သူ့ဘဝမှာ နောက်ထပ်ကြောက်စရာဘာမှမရှိတော့ဘူးလို့ ထင်ခဲ့ပေမယ့် အခုဘယ်လို ရှေ့ဆက်ရမယ်မှန်း မသိတော့ဘူး။

ကုမ္မဏီထဲက သူဘယ်လိုထွက်လာခဲ့သလဲ။ ကားပေါ်ဘယ်လိုရောက်လာခဲ့သလဲ သူမမှတ်မိဘူး။

အများရှေ့မှာ အကြောတင်းတင်းနဲ့ခေါင်းမော့ ထွက်လာပေမယ့် လူမသိသူမသိတစ်ယောက်ထဲရှိမှ ပြိုလဲရတယ်။

ပေါ့တီးပေါ့ပျက်ပြောနေပေမယ့် သူ့ဒဏ်ရာကို သူသာအသိဆုံး...။

နောက်ထပ်သူဘာတွေများ ထပ်လုပ်ဦးမှ ဒီအမျိုးသားကို အနှောင်အဖွဲ့ကင်းကင်း ပိုင်ဆိုင်နိုင်မှာလဲ။

ကိုယ့်ညီအရင်းရဲ့ သေဆုံးမှုအတွက် လက်စားချေဖို့ကိုတောင် ချစ်ရသူအတွက်နဲ့ သူက လက်လျှော့နိုင်ပေမယ့် ဝမ်ရိပေါ်ကတော့ မိသားစုဆိုတာကို ဦးစားပေးစာရင်းထိပ်ဆုံးက မချ...။

အမြတ်ကြီးသလောက် အန္တရာယ်လည်းကြီးတဲ့ မြေအောက်လောကကို အပိုင်စားထားတဲ့ Raizel မိသားစုက
နိုင်ငံရေးလောကကို ချုပ်ကိုင်ထားတဲ့ James တွေနဲ့ လက်တွဲခဲ့ရင် ဘယ်သူကများ Raizel တွေထက် အင်အားကြီးနိုင်ဦးမှာလဲ။

ဒီလိုတွေးကြည့်တော့လည်း သူကျန်ခဲ့ရတာ သိပ်တော့ထူးဆန်းမနေဘူး။
ကိုယ်တိုင်တောင် နာမည်အရင်းကို ဆုံးရှုံးထားလို့ တခြားတစ်ယောက်အဖြစ်ရှင်သန်နေရတဲ့ သူက Raizel မိသားစုရဲ့ရွှေမင်းသားလေးကို ပေးနိုင်တာ ဘာများရှိလို့လဲ။

ဘာမှမရှိ...။

သူက အဲ့ဒီအမျိုးသားလေးကို ကမ္ဘာပေါ်မှာ ဘယ်သူမှ လိုက်မမှီနိုင်တဲ့ အချစ်မျိုးနဲ့ ချစ်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ချက်ရှိပေမယ့် ဒါဟာ တစ်ဖက်က လိုအပ်နေတာမှ မဟုတ်...။

လက်တွေ့ဆန်တဲ့လောကကြီးထဲမှာ နှလုံးသားကို ဦးနှောက်ရှေ့ ပို့မထားနိုင်တာ ပုံမှန်ပါပဲ။

ဒါတွေကို သူသိပေမယ့် ... ဒါတွေကို သူနားလည်နေပေမယ့် ...

ရင်ဘတ်ထဲက ဘာလို့များ ဒီလောက်တောင် နာကျင်နေရသလဲတဲ့။

𝖬 𝖤 𝖳 𝖠 𝖭 𝖮 𝖨 𝖠Where stories live. Discover now