12.

4.4K 594 136
                                    

'ကလင့်...ကလောက်'

'ကလင့်...ကလောက်'

'ကလင့်...ကလောက်'

နားညီးလိုက်တာ! ဘယ်သူ မီးခြစ်ကို အဖုံးဖွင့်လိုက် ပိတ်လိုက် ဆော့နေတာလဲ?

လေးနေတဲ့ မျက်ခွံတွေကို အတင်းပင့်တင်လိုက်တော့ အရာအားလုံးက ဝါးတားတား...။
တဖြည်းဖြည်းမှ ကြည်လင်လာတယ်။

ကောက်ရိုးတွေ?

ရှောင်းကျန့်က ခုံတစ်လုံးမှာ အချည်ခံထားရပြီး သူ့ရှေ့မှာ ကောက်ရိုးအထုံးတွေ အထပ်လိုက်ကြီးရှိနေတယ်။

ဒီအခြေအနေက အရင်တစ်ခေါက်က အိပ်ရာပေါ်မှာ မလှုပ်နိုင် မရှားနိုင်နဲ့ အချိန်ထက်တော့ အားရစရာပဲ!

ပတ်ပတ်လည်ကို ဝေ့ကြည့်တော့ ကောက်ရိုးကလွဲရင် ဘာမှမရှိဘူး။ စပါးကျီအဟောင်းတစ်ခုဖြစ်ပုံပဲ။

New York အနီးနားတစ်ဝိုက်က လယ်ကွင်းဆိုတော့ အခုသူ Long Island ဘက်ကို ရောက်နေတာပဲ ဖြစ်မယ် ။

ဝမ်ရိပေါ်ကို တစ်ယောက်တည်းနေချင်တယ်ပြောပြီး ထားပစ်ခဲ့တာဆိုတော့ သူပျောက်နေတာ သိဦးမှာ မဟုတ်...။ တစ်နေရာရာမှာ သွားဆွေးနေတယ်ပဲ ထင်နေမှာ။

ဘဝက နတ်သမီးပုံပြင်မဟုတ်...။
ဟုတ်နေလည်း သူက မင်းသမီးလေးမဟုတ်ဘဲ Anastasiaနဲ့ Drizella တို့ ... Maleficent တို့လို နေရာကပဲ ဖြစ်မှာ...။

အဲ့တော့ မြင်းဖြူစီးတဲ့ ရွှေမင်းသားလေးကတော့ လာကယ်မှာ မဟုတ်ဘူး။
ကိုယ့်ဘာသာ လွတ်အောင်ကြံရမှာပဲ။

ခုံစောင်းနဲ့ ကြိုးကို ပြတ်အောင် တိုက်ရတာ ရုပ်ရှင်ထဲပဲ လွယ်တာ...။
လက်တွေ့ကျ လက်တွေပဲ ပွန်းလာတယ်။
ကြိုးက ပြတ်မနေဘူး။

"မတွေ့တာကြာပြီ"

လန့်လိုက်တာ!! စောစောကတည်းက ရှိကြောင်း အသံပေးပါ့လား!

တိမ်တွေအလွင့်မှာ ထွက်ပေါ်လာတဲ့ လရောင်ကြောင့် အမှောင်ထဲမှာ ထိုင်နေခဲ့တဲ့ သူကိုမြင်လာရတယ်။

မျက်နှာထက်က ကန့်လန့်ဖြတ် အမာရွတ်ကြီးကို မြင်ရချိန်မှာ သွေးတွေက အေးစက်သွားတယ်။

တစ်ကိုယ်လုံး တုန်လာတာကို ထိန်းမရ။ မားဖုန်းဆက်တုန်းက ဒီလူ ဘယ်နည်းနဲ့မှန်းမသိ ထောင်ကနေ လွတ်သွားပြီဆိုတာ သိပေမယ့် ဒီလောက်အမြန်ကြီးရောက်လာဖို့တော့ မမျှော်လင့်ထား...။

𝖬 𝖤 𝖳 𝖠 𝖭 𝖮 𝖨 𝖠Where stories live. Discover now