29.

2.9K 265 33
                                    

Dear Coffee Cafe ... ။

လမ်းထောင့်ဆုံက ရိုးရိုးရှင်းရှင်း ဆိုင်လေးပေမယ့် လူပြတ်တယ်ဆိုတာသိပ်မရှိ ... ။

ဆိုင်ပိုင်ရှင် ကုယန်ဆိုသည်က ပါးချိုင့်လေးထင်းထင်းနဲ့ မိန်းကလေးအသာထား ယောကျာ်းလေးပါ ကြွေရတဲ့ အေးအေးငြိမ်ငြိမ်နဲ့ လူချောလေး ... ။ ရှပ်ဖြူဖြူကို လက်ခေါက်တင်လို့ ကော်ဖီများ ဖျော်နေရင် အကြည့်ကို လွှဲမရတော့ဘူး။

သူ့ကို ငေးဖို့ သက်သက်နဲ့ ကော်ဖီလာသောက်တဲ့သူတွေဆိုတာက ဆိုင်အပြည့်နီးနီး ... ။

အဲ့ကြားထဲ ကောင်တာမှာ အားအားယားယား လာလာထိုင်နေတတ်တဲ့ အမျိုးသားက မြင်သူငေးချောတော့ ပိုဆိုးတော့တာပေါ့ ... ။

ဆံနွယ်ရှည်တွေကို ကြုံသလို ပွတိပွယောင်းထုံးဖွဲ့ထားပြီး ဆွယ်တာနီညိုရောင်ဖားဖားကြီးထဲမြုပ်နေတဲ့ ရှောင်းကျန့်ကို Customer တိုင်းက ခိုးခိုးကြည့်ပြီး ပါးတွေရဲသွားရတယ်။

မရဲပဲရောနေနိုင်ရိုးလား? ပခုံးကလျှောကျလုလု ဆွယ်တာကြီးကြောင့် ဖြူဝင်းနေတဲ့လည်တိုင်ကျော့ကျော့နဲ့ ခပ်ထင်းထင်းညှပ်ရိုးတွေက အတိုင်းသားမြင်နေရတယ်။

ကိုယ်တော်က ကောင်တာပေါ် ပါးတစ်ဖက်အပ်လို့ ပျင်းရိပျင်းရွဲထိုင်ပြီး ကုယန်ကော်ဖီဖျော်တာကို လိုက်ကြည့်နေတာ ... ။

"ရှောင်ယန့်ယန် ... ကော ချောကလက် moose ကိတ်စားချင်တယ်"

"ကျန့်ကောရယ် ... အစောကပဲ ချိစ်ကိတ်နှစ်ခုတောင် စားထားပြီး နောက်ထပ်မစားနိုင်တော့လို့ သိမ်းလိုက်ရတာကို"

"တွေ့လား။ ရှောင်ယန့်ယန်က ဒီကောကောကို ကိတ်ကလေးတစ်ပိုင်းတောင် စေတနာမရှိဘူး။ "

အသည်းကွဲတယ် အကြောင်းပြချက်နဲ့ဆိုင်ထဲရှိသမျှမုန့်တွေ တစ်ခုပြီးတစ်ခု အလကားမှာစားထားတာကိုမှ အားမနာ ပြောလာတော့ ကုယန် သက်ပြင်းချပြီး စိုက်ကြည့်မိတော့တယ်။

"ဟာ ... ကောကို သက်ပြင်းချလိုက်တယ်။ အဲ့တာက ဘာလဲ?
ငြိုငြင်တာလား။ ရှောင်ယန့်ယန်လေးက ကောကို မချစ်တော့ပါဘူး ...."

ဒီအမျိုးသားက ဆိုင်စဖွင့်ကတည်းက လာထိုင်နေပြီး ကုယန်ကို တစ်နေကုန် ကလေးလိုပဲ တဂျီဂျီဂျစ်တိုက်နေတာ ... ။

𝖬 𝖤 𝖳 𝖠 𝖭 𝖮 𝖨 𝖠Where stories live. Discover now