Part - 1

12.8K 525 32
                                    

𝐔𝐧𝐢𝐜𝐨𝐝𝐞✓✓✓

"သားရေ..Ji Ji ထမင်းစားရအောင်"

"ဟုတ်ကဲ့..လာခဲ့မယ်!!!"

လှေကားကနေပြေးဆင်းလာတဲ့ကောင်လေးကတော့Parkမျိုးရိုးအိမ်ကြီးထဲကအငယ်ဆုံး သူကအိမ်ကလူကြီးတွေရဲ့အသည်းအသက်လေးဖြစ်သလိုအိမ်ရဲ့ဆည်းလည်းလေးဆိုလည်းမမှား....
အိမ်မှာရှိတဲ့ ဖေဖေ၊မေမေ၊ဘိုးဘိုး၊ဘွားဘွားတို့ရဲ့အချစ်တွေကိုအပိုင်သိမ်းထားသူလေး

အသားအရည်ကဖြူဖွေးစိုပြေနေပြီးမျက်လုံးလေးတွေကတောက်ပနေကာပါး‌လေးနှစ်ဖက်ကလည်းဖောင်းနေတာကြောင့် နှုတ်ခမ်းလေးမှာလဲစ‌ေတာ်ဘယ်ရီသီးလေးလိုရဲ‌နေပြီး လုံးလုံးလေးဖြစ်နေသည်။နက်‌မှောင်လှတဲ့ ဆံပင်အတိုလေးရှိပြီးအနည်းငယ်ရှည်နေတဲ့အရှေ့ဆံပင်လေးတွေကနဖူးပေါ်သို့ဝဲကျနေသည်။

အသက်အားဖြင့်၂၀ရှိပြီးဆိုပေမဲ့ လူကောင်လေးကသေးတော့ ကလေးလို့ထင်ချင်စရာပင် နာမည်လေးကတော့Park Jiminတဲ့.....
မွေးရာပါနှလုံးရောဂါအခံရှိတာကြောင့် လူကြီးတွေကသူ့ကို ဘာမှထိခိုက်မှုမရှိအောင် ဂရုတစိုက်စောင့်ရှောက်ထားရသည်။

Parkမျိုးရိုးရဲ့ဥက္ကဌကြီးသည် Jimin၏အဘိုးဖြစ်ပြီး အိမ်ရဲ့စီးပွားရေးကိုဦးစီးနေသူတစ်ဦး Jimin၏အဖေမှာ ဒုဥက္ကဌ...အဘွားနှင့်အ‌မေကတော့အိမ်ရဲ့မိန်းကလေးဖြစ်တာမို့ အိမ်ရှင်မနေရာကိုသာတာဝန်ယူထားသည်။

"Ji Ji လေးဆင်းလာပြီ..လာ ထမင်းစားကြမယ် အမေ Ji Jiလေးကြိုက်တဲ့ဟင်းတွေချက်ထားတယ်...."

"Wow!! ဒါဆို သား အားရပါးရစားလို့ရပြီပေါ့..."

"စားပါရှင်...."

Parkမျိုးရိုးအိမ်ရဲ့ညစာထမင်းစားပွဲလေးကတော့မိသားစုစုံစုံလင်လင်နဲ့ပျော်ရွှင်ဖို့ကောင်းလှသည်။

တစ်ဖက်က>>>>>>>>>>

အဝေးကကြည့်ရင်တောင်အလွန်ခမ်းနားလှတဲ့အိမ်ကြီး...မြင်တာနဲ့တင်အဆင့်အတန်းမြင့်တဲ့သူတွေနေတယ်ဆိုတာတွေးကြည့်ရုံနဲ့တင်သိနိုင်သည်။

Min မျိုးရိုး~~~~~~

Minမျိုးရိုးဆိုတာ စီးပွားရေးလုပ်ငန်းတွေမှာထိပ်ထိပ်ကြဲ ထိပ်ဆုံးကနေနေရာယူထားတဲ့Min Group....

🍁မြတ်နိုးရပါသော ကလေးငယ်🍁🍁မြတ်နိုးရပါသော ကလေးငယ်🍁(Complete)Where stories live. Discover now